Ending 1

4.5K 532 33
                                    

{Unicode}

ကျွန်တော်အိမ်မက်ရှည်ကြီးတစ်ခုမက်တယ်....

မဖြစ်နိုင်စွာကျွန်တော်ဟာ Systemတစ်ခုထဲဝင်ရောက်သွားပြီ Mission:5ခုထဲMission:3ခုကို နိုင်အောင်လုပ်ရတယ်တဲ့....

နောက်ပြီးကျွန်တော်ဟာ အံ့ဩစရာကောင်းစွာSystemထဲက ပုံရိပ်ယောင်လူသား မှဲ့ပိုင်ရှင်ကိုကိုကိုချစ်မိသွားခဲ့တယ်တဲ့....

အဲ့တာကအိမ်မက်လား တကယ်ကြုံတွေ့ရတာလား ကျွန်တော်မသိဘူး....

တကယ်ကြုံတွေ့ရတာလို့ပြောရအောင်လည်း လူစင်စစ်ကSystemထဲရောက်သွားတယ်ဆိုတာ ဖြစ်နိုင်ရဲ့လားကျွန်တော်မသိဘူး....

အိမ်မက်လို့ပြောရအောင်လည်း အဲ့ကိစ္စကအပြင်မှာဖြစ်နေသလို အရမ်းထင်ရှားနေခဲ့တယ် ဝိုးတိုးဝါးတားမဟုတ်ဘဲ ကျွန်တော်သေချာမှတ်မိနေခဲ့တယ်....

အထူးသဖြင့် ကျွန်တော်အပြင်မှာတစ်ခါမှမတွေ့ဘူး မမြင်ဘူးတဲ့ မှဲ့နက်လေးနဲ့ပုံရိပ်ယောင်လူသားကိုပဲ...

ဘယ်ဟာအမှန်လည်းကျွန်တော်မယူဆတတ်တော့ဘူး....

ထိုအိမ်မက်လားတကယ်လားသေချာမသိရတဲ့ ကိစ္စကြီးပြီးဆုံးသွားလို့မျက်လုံးဖွင့်လိုက်ချိန် ကျွန်တော်ဟာဆေးရုံအခန်းတစ်ခန်းရဲ့ ကုတင်ပေါ်ရောက်နေတယ်။

ပြီးတော့ရင်ထဲမှာလစ်ဟာနေခဲ့တယ်....

ဘဝတစ်လျှောက်ကျွန်တော့်ကို ဂရုမစိုက်ခဲ့တဲ့ပါးဟာစိုးရိမ်ရိပ်တွေအပြည့်နဲ့ ကျွန်တော်ဘေးမှာထိုင်နေခဲ့တယ်။

ဒါဟာအရင်ကကျွန်တော်ဖြစ်ချင်ခဲ့တဲ့အခြေအနေပဲ...

ဒါမဲ့ကျွန်တော်အပြည့်အဝပျော်မနေခဲ့ဘူး တစ်ခုခုကိုလိုနေသလိုဖြစ်နေတယ်။

ဘာလိုနေတာလဲကျွန်တော်မသိဘူး....

အိမ်မက်ထဲကမှဲ့လေးနဲ့ပုံရိပ်ယောင်လူသားကိုလိုနေတာလား....

"နောက်ဆုံးတော့သားလေးသတိရလာပြီ..ပါးစိတ်ပူနေခဲ့တာ"

"ပါး..."

ခပ်တိုးတိုးထွက်ကျသွားသောအသံက ဝမ်ရိပေါ်မပီသစွာအရမ်းတိုးရှလွန်းတယ်။ ကိုယ့်ကိုကိုယ်လည်း အားမလိုအားမရဖြစ်တယ်။

Because Of a SystemWhere stories live. Discover now