Final Mission

3.6K 478 28
                                    

{Unicode}

"ရိပေါ်...ငါပြောစရာရှိလို့နှစ်ယောက်တည်းရမလား"

ရုတ်တရက်ကြီး ရှောင်းကျန့်တိုက်ခန်းကိုရောက်ရှိလာကာ သူနဲ့နှစ်ယောက်တည်းစကားပြောခွင့်တောင်းနေသော ထွမ်ဟောက်ကိုမယုံသင်္ကာနှင့်ကြည့်မိသည်။

ဘာတွေကြံစည်ထားမှန်းမသိသော ထွမ်ဟောက်ကိုလည်းမယုံပေ....

Systemဘက်က ဇာတ်လမ်းပြောင်းသွားတယ်လို့ ပြောထားပင်မဲ့ ဘယ်အခြေအနေဘယ်လိုပုံစံမျိုးပြောင်းလဲသွားမှန်း ရိပေါ်မသိရတော့ မူလဇာတ်လမ်းမှာရှောင်းကျန့်ကိုသတ်ဖို့ကြံတဲ့ ထွမ်ဟောက်ကိုမယုံတာတော့ ရိပေါ်မမှားဘူးဟုထင်သည်။

"ဘာပြောချင်တာလဲပြောလေ..မဟုတ်ကဟုတ်ကတွေတော့ လာမပြောနဲ့ပေါ့"

"Ommရှောင်းကျန့် ခဏရှောင်ပေး..ငါရိပေါ်နဲ့အေးဆေးပြောချင်လို့"

ချိုသာနေပုံရသောထွမ်ဟောက်အသံက တမင်လုပ်ယူထားတာလား စိတ်ရင်းလားရိပေါ်ဝေခွဲနေမိသည်။

ဒီရက်ပိုင်းအတွင်း ထွမ်ဟောက်ကိုအကဲခတ်သလောက် အရင်လိုရှောင်းကျန့်အပေါ် တင်းတင်းမာမာနဲ့မျက်မုန်းကျိုးမှုတွေကို မတွေ့ရသော်လည်းအပြည့်အဝတော့မယုံပေ....

"ရိပေါ်ဟိုနေ့ကကျောင်းမှာဖြစ်တဲ့ကိစ္စလေ..."

"ဘယ်နေ့ကဘယ်ကိစ္စလဲ"

"ငါ့ကိုမင်းခြေထောက်တက်နင်းတဲ့နေ့က...ကန်တင်းမှာမင်းနဲ့ကောင်မလေးသုံးယောက် ပြဿနာဖြစ်တယ်ဆို"

"အော်အေး..ဟုတ်တယ်ဘာဖြစ်လို့လဲ"

"ငါအတိအကျပြန်မသိရဘူးအဲ့ကိစ္စကို..ဒါကြောင့်ပြောပြပါလား"

"အထူးအဆန်းပါလား မင်းကဘာလို့သိချင်တာလဲထွမ်ဟောက်"

"ဒီလိုပဲပြောပြပါလား"

"အဲ့သုံးယောက်က မင်းနဲ့ရှောင်းကျန့်ရဲ့Fanတွေနေမှာ..ငါကရှောင်းကျန့်ကိုကျ ခိုင်းစားနေပြီးမင်းကိုကျ ကိုယ်ထိလက်ရောက်ထိခိုက်အောင်လုပ်နေလို့ နောက်မလုပ်ရအောင်သတိလာပေးတာတဲ့"

"Umm..ငါပြန်သိရတာနဲ့လုံးဝမတူဘူး"

"ဘာမတူတာလဲ..မင်းကဘယ်လိုပြန်သိရလို့လဲ"

Because Of a SystemWhere stories live. Discover now