Final Mission

4K 520 30
                                    

{Unicode}

"လွှတ်စမ်း...!!!"

ချုပ်ထားသော လူနှစ်ယောက်အားကို မတွန်းလှန်နိုင်သောကိုယ့်ကိုကိုယ် စိတ်ပျက်လာမိသည်။ ဒီထက်အချိန်ပိုကြာရင် ရှောင်းကျန့်အတွက်မကောင်းတော့....

သူအိမ်မပြန်နိုင်မှာကိုမစိုးရိမ်ဘဲ ရှောင်းကျန့်တစ်ခုခုဖြစ်မှာကို စိုးရိမ်နေမိသည်။

"ဝမ်ရိပေါ်....!!!"

"ဘုန်း...!!!"

ရုန်းနေရင်းမှသူ့နာမည်အော်သံနှင့်အတူ ရိပေါ်ကိုချုပ်ထားသောလူတစ်ယောက် လွှင့်ထွတ်သွားလေသည်။

"ထွမ်ဟောက်....!!"

မြင်လိုက်ရတဲ့လူကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ဒါကဘာလဲ....

ရှောင်းကျန့်ကို ထွမ်ဟောက်ခေါ်သွားတာမဟုတ်ဘူးလား ဘယ်လိုလုပ်ထွမ်ဟောက်က ဒီကိုရောက်လာရတာလဲ...

"ထွမ်ဟောက်ဘယ်လိုလုပ်...!"

"ဟန်မေ...!!!မင်းဒါဘာလုပ်တာလဲ"

ဘေးကကြောင်အနေဆဲကောင်ကို တွန်းထုတ်ပြီးမေးတော့ ထွမ်ဟောက်ကပြန်မဖြေဘဲ ရိပေါ်ကိုသူ့နောက်ပို့ကာ ဟန်မေကိုရန်လုပ်နေသည်။

ဘာလို့ငါ့ကိုအားနည်းတဲ့လူလို အနောက်ကိုပို့ပစ်ရတာလဲ....

"ထွမ်ဟောက်...ငါမေးတာဖြေ!!မင်းဒီကိုဘယ်လိုရောက်လာတာလဲ"

"ဟန်မေကအရေးကြီးလို့ ဒီကိုလာခဲ့ဆိုပြီးmessပို့လို့..."

ဒါဆိုသူထင်သလို ထွမ်ဟောက်မဟုတ်ဘူးပေါ့ ဘာတွေလဲ တကယ်ခေါင်းရှုပ်လာပြီ....

"Systemဘယ်သူလဲ..."

"လူကြီးမင်းကိုယ့်ဟာကိုယ်စုံစမ်းပါ...အချိန်မရှိတော့ပါဘူးလူကြီးမင်း"

ချီးလိုပဲSystemကလဲပြောမှာမဟုတ်ဘူး....

"ထွမ်ဟောက်..မင်းရှောင်းကျန့်ကိုတစ်ယောက်တည်းထားခဲ့တာပေါ့"

"Omm..."

"သွားမယ်အဲ့ကိုပြန်သွားမယ် ရှောင်းကျန့်အန္တရာယ်ရှိနေပြီ"

"ဟမ်..."

"ဟန်မေ..မင်းလည်းလိုက်ခဲ့ရှောင်းကျန့်တစ်ခုခုဖြစ်ရင် မင်းအသေပဲဟန်မေ...ဒီကိစ္စမှာမင်းလည်းပါမှာပဲ"

Because Of a SystemWhere stories live. Discover now