{Unicode}
ကျောင်းရှေ့မှာကားရပ်ပြီး ကျောင်းထဲကထွက်မလာသေးသော ရိပေါ်နဲ့သူ့သူငယ်ချင်းတွေကို ရပ်စောင့်နေလိုက်သည်။
မကြာပါ ဘေးနားကသူငယ်ချင်းသုံးယောက်နှင့် ရယ်ရယ်မောမောထွက်လာသော ကောင်လေးက ညနေနေရောင်အောက် လှပနေတဲ့ပန်းတစ်ပွင့်လို ရှောင်းကျန့်စိတ်ကိုအေးချမ်းစေသည်။
"ရိပေါ်...."
"အယ် ကော..."
ခေါ်သံကြောင့် လှည့်ကြည့်လာသည်က အံ့ဩရိပ်တွေနှင့်....
မှန်သည်ပဲ ရိပေါ်ကိုလာကြိုမယ်မှန်းမပြောထားသလို သူတို့အခြေအနေက ကြိုရတဲ့အဆင့်ထိလည်းမရောက်သေးပဲ....
"ဒီကိုဘယ်လိုရောက်လာတာလဲ"
"အစ်ကိုကညီ့ဆီလာတာ မုန့်သွားစားရအောင်လေ"
ကျန့်ကောစကားကြောင့် ဝမ်ရိပေါ်အရမ်းတွေပျော်ပြီး ရင်ထဲလည်းသံစုံတီးဝိုင်းရောက်လာသလို တဒုန်းဒုန်းဖြစ်သွားရသည်။
အဟား...ငါတောင်ခြေလှမ်းစစရာမလိုဘဲ သူကြီးကငါ့ဆီရောက်ရောက်လာတယ် ငါလေးသိပ်ပျော်....
ငါလေးသိပ်ကံကောင်း....
ကိုယ့်အတွေးနဲ့ကိုယ်ကြည်နူးနေရင်း ဘေးနားကကျွတ်စီကျွတ်စီထွက်လာသော အသံတွေကြောင့် လှည့်ကြည့်မိတော့ သိပ်ကဲတဲ့FAမမများဟာ ဝမ်ရိပေါ်ရဲ့လူကိုနှာဘူးထနေကြပြီး ဓာတ်ပုံရိုက်နေကြောင်း ရင်နာဖွယ်တွေ့လိုက်ရသည်။
စိတ်ပေါက်ပေါက်နဲ့ သိပ်နှာဘူးထသောFAမမများကို မျက်စောင်းပစ်ထိုးပြီး ကောကိုပြုံးပြလိုက်သည်။
"ဟီး သွားစားမယ်လေ ကောဝယ်ကျွေးမှာလား"
"Omm အစ်ကိုကျွေးမှာပေါ့"
"အဟမ်းအဟမ်း..ကောရေ ကောရဲ့ညီကိုကျမမြင်တာလား မမြင်ချင်ယောင်ဆောင်နေတာလား"
ဖန်ရှင်းရဲ့ကြေကွဲနေသောအသံကြီးကြောင့် တအံ့တဩလှည့်ကြည့်လိုက်တော့ မျက်နှာကြီးက ရှုံ့မဲ့ကာ ကျန့်ကောကိုမျက်စောင်းထိုးနေလေသည်။
ဘာတဲ့ကောရဲ့ညီ...ပြောချင်တာကဖန်ရှင်းက ဝမ်ရိပေါ်ရဲ့ယောက်ဖပေါ့....
![](https://img.wattpad.com/cover/222190653-288-k453427.jpg)
STAI LEGGENDO
Because Of a System
FanfictionBoth Zawgyi & Unicode {Zawgyi} တက္ကသိုလ်ပထမနှစ်ကျောင်းသားတစ်ယောက်ဖြစ်တဲ့ရိပေါ်ရဲ့စူးစမ်းချင်သောစိတ်ကြောင့်မှားယွင်းစွာSystemတစ်ခုအတွင်းရောက်ရှိသွားကာထိုSystemမှဖန်တီးထားသောပုံရိပ်ယောင်လူသားတစ်ယောက်ကိုချစ်မိသောအခါ....... {U...