Mission-3:Villain

4.5K 611 37
                                    

{Zawgyi}

"အော်...နောက်ဆုံးတော့ ဝမ်ရိပေါ်ကျောင်းပြန်တက်ပြီပဲ ဘယ်လိုလဲအဆင်ပြေရဲ့လား..ဟက်.."

ဒဏ်ရာများသက်သာသွားလို့ ကျောင်းပြန်တက်တဲ့နေ့မှာပဲ ကိုယ့်ခုံတွင်ကိုယ်ထိုင်ကာ ကျိုးချန်နဲ့စကားပြောနေစဉ် မကြားချင်သောအသံက ကိုယ့်ရှေ့မှထွက်ပေါ်လာသည်။

အလကားနေအလကား ပြဿနာရှာခနဲ့တတ်တဲ့အကျင့်ဆိုးက ဒီပုံရိပ်ယောင်ကမ္ဘာအထိ ပါလာခဲ့ပုံရပါသည်။ ရိပေါ်နဲ့ရှန်းဝမ်လီမတည့်တာကလည်း အဲ့အကျင့်ဆိုးကြောင့်ပင်....

တကယ်ကိုခက်တော့နေပါပြီ....

"Omm အဆင်ပြေတာပေါ့ မစိုးရိမ်ပါနဲ့ ဝမ်ရိပေါ်ဆိုတဲ့ ငါကမသေနိုင်သေးပါဘူး ​ရှောင်းကျန့်ဆိုတဲ့လူကို မရမချင်းငါကကျန်းကျန်းမာမာနဲ့ရှိနေအုံးမှာ...."

ကိုယ့်ခုံရှေ့တွင် လက်ပိုက်ကာခနဲ့ပြုံးနှင့် မတ်တပ်ရပ်နေသောရှန်းဝမ်လီကို ကိုယ့်စိတ်ထဲကအတိုင်းပြန်ရွဲ့ပြောလိုက်တော့ မျက်နှာကြီးကမဲသွားကာ ဒေါသထွက်သွားလေသည်။

"ဝမ်ရိပေါ်...နင်ကလေစောက်ရှက်တစ်စက်မှမရှိဘူးနော် ပိုင်ရှင်ရှိပြီးသားယောက်ျားတစ်ယောက်ကိုတောင် ငမ်းငမ်းတက်လိုချင်နေသေးတယ် ငါတကယ်အံ့ဩတယ်..."

"Umm...ပိုင်ရှင်ရှိပြီးသားလူလို့ပြောရအောင် မင်းနဲ့ရှောင်းကျန့်နဲ့က လက်ထပ်ပြီးပြီမလို့လား ပြီးတော့ငါကယောက်ျားတိုင်းကို ငမ်းငမ်းတက်လိုချင်တာမဟုတ်ဘူး ​ရှောင်းကျန့်မလို့ပိုင်ချင်တာ အနည်းဆုံးတော့ရှောင်းကျန့်ပေါ်ချစ်တဲ့ငာ့အချစ်က ပိုင်ဆိုင်လိုစိတ်ရှိပင်မဲ့ တစ်ခြားသူလိုဥစ္စာကိုလိုချင်လို့ လူကိုဖန်တာတော့မဟုတ်ဘူးပေါ့...."

ရိပေါ်စကားအဆုံး ထိတ်လန့်သွားသည့်ရှန်းဝမ်လီမျက်နှာက သိပ်ကြည့်လို့ကောင်းသည်။ ရှန်းဝမ်လီရယ်ငါကရှောင်းကျန့်လို အကန်းမှမဟုတ်တာ...ပြီးတော့ငါကငါ့ပြိုင်ဘက်ရဲ့အကြောင်းကို မစုံစမ်းဘဲနေမတဲ့လား....

"နင်ဘာကိုပြောချင်တာလဲဝမ်ရိပေါ်..!!!"

"အို...ငါဘာပြောလဲဆိုတာ မင်းသိပါတယ်ရှန်းဝမ်လီ..ဟင်းဟင်း..ငါကရှောင်းကျန့်ကိုသူများလို အကြံနဲ့ချစ်တာမဟုတ်ဘူး ငါ့အချစ်ကရိုးသားတယ်မကောက်ကျစ်ဘူး..."

Because Of a SystemWhere stories live. Discover now