Mission-2:The Truth

5.7K 666 16
                                    

{Zawgyi}

"မင်းက​ကျိုးချန်​​နော်​"

"ဟုတ်​..ဟုတ်​ပါတယ်​"

"ကျွန်​​တော့်​ကိုမလန့်​ပါနဲ့..ကျွန်​​တော်​​မေးတာကိုအမှန်​တိုင်း​ဖြေ​နော်​..ပြီး​တော့ကျွန်​​တော်​ကမင်းအပြစ်​မရှိ​ကြောင်း​ဖော်​ထုတ်​​ပေးမဲ့သူဆိုတာသိတယ်​မလား"

"သိပါတယ်​"

"အာ့ဆိုကျွန်​​တော်​​မေးမယ်​အမှန်​တိုင်း​ဖြေ​နော်​"

"ဟုတ်​"

"လူသတ်​မှုဖြစ်​​တဲ့​နေ့ကမင်းဘယ်​မှာလဲ"

"ကျွန်​​တော်​အိမ်​မှာပဲရှိ​နေပါတယ်​"

"အသတ်​ခံရတဲ့သူနဲ့မင်းနဲ့ဘယ်​လိုပတ်​သတ်​တာလဲ"

"ကျွန်​​တော်​ကသူ့အိမ်မှာငှါးနေတာပါ"

"ကျွန်တော့်ကိုရှောင်းကျန့်ကောကပြောတယ် အသတ်ခံရတဲ့အစ်မက ဓားနဲ့အချက်ပေါင်းများစွာအထိုးခံရတာတဲ့ ပြီးတော့အဲ့ဓားမှာမင်းလက်ပွေရာတွေ့တယ်တဲ့ ဘယ်လိုဖြစ်တာလဲ ပြီးတော့တိုင်တဲ့သူကလည်း သူအိမ်ထဲဝင်လာတော့မင်းကဓားကို သူမခန္ဓာကိုယ်ကဆွဲထုတ်လိုက်တာကို မြင်တယ်တဲ့ ကျွန်တော့်ကိုအသေးစိတ်ပြောပြလို့ရမလား...."

"ဟုတ်..ကျွန်တော်ကအစကအပေါ်ထပ်ကကျွန်တော့်အခန်းထဲမှာ ​အောက်ထပ်ကအစ်မအော်သံကြားလို့ အပြေးဆင်းကြည့်လိုက်တာ အဲ့အချိန်မှာပဲပြတင်း​ပေါက်ကနေခုန်ဆင်းသွားတဲ့လူရယ် ကြမ်းပြင်မှာသွေးတွေနဲ့လဲကျနေတဲ့အစ်မကိုတွေ့တာ ဓားကလဲစိုက်ရက်နဲ့မို့ ကျွန်တော်အပြေးသွားရင်းဓားကိုဆွဲထုတ်လိုက်တာ အဲ့တာကိုဝင်လာတဲ့သူကတွေ့ပြီး ကျွန်တော်သတ်တယ်ထင်သွားတာပါ...တကယ်...တကယ်တော့ကျွန်တော်မသတ်ပါဘူး...ကျွန်တော်တို့က ဘာမှမတော်စပ်ပင်မဲ့ အဲ့အစ်မကကျွန်တော့်ပေါ်အရမ်းကောင်းတာ ကျွန်တော်အိမ်လခမပေးနိုင်သေးရင်တောင် အဆင်ပြေမှပေးခိုင်းခဲ့တာ ကျွန်တော်ကသတ်စရာအကြောင်းမရှိပါဘူး...."

"Ommကျွန်တော်ယုံတယ်...ဒီရက်ပိုင်းအဲ့အစ်မနဲ့ပြဿနာတက်ထားတဲ့သူတို့ အချင်းများထားတဲ့သူတို့ရှိလား"

Because Of a SystemWhere stories live. Discover now