Final Ending

6.6K 579 22
                                    

{Unicode}

နောက်ဆုံးလက်စသတ်အနေနဲ့ Projectနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေကိုကြည့်ပြီး ရှောင်းကျန့်အဖြစ်အပျက်အားလုံးကို သတိရမိသည်။

သူ့အသက်23နှစ်မှာ ကလေးငယ်နဲ့စတွေ့ပြီး သူ့ဘဝကြီးပြောင်းလဲခဲ့သလို သူ့ဘဝအတွက် အလင်းလည်းရခဲ့သည်။

လွန်ခဲ့သောဆယ်နှစ် သူ့အသက်18 နှစ်တုန်းက သူအထက်တန်းအောင်ပြီးချိန် သူ့ရဲ့မိသားစုကဖြစ်စေချင်တဲ့ ဆရာဝန်အလုပ်ရယ် သူဖြစ်ချင်တဲ့အရာရယ်ကြား သူဗျာများခဲ့သည်။

ဒာကြောင့်သူ့မိဘကဖြစ်စေချင်တဲ့ ဆေးတက္ကသိုလ်ကိုတက်ခဲ့သလို တစ်ဖက်ကလည်းသူဖြစ်ချင်တဲ့အရာကိုလည်း လုပ်ခဲ့သည်။

သူ့အသက်18ကတည်းက စက်ပစ္စည်းတွေတီထွင်မှုဘက် အရမ်းစိတ်ဝင်စားခဲ့သဖြင့် သူလေ့လာခဲ့သည်။ သင်ယူခဲ့သည်။

သူ့အသက်23ရောက်တော့ သူ့ဆန္ဒတွေပြည့်သည်အထိ သူအောင်မြင်ခဲ့သည်။

သို့သော်သူ့မှာ သူ့မိဘတွေဖြစ်စေချင်တဲ့အရာကို လုပ်ပေးချင်တဲ့ဆန္ဒလည်းရှိခဲ့ပြန်သည်။

သူဖြစ်ချင်တာရယ် သူ့မိဘတွေဖြစ်စေချင်တာရယ် သူဘာကိုရွေးချယ်ရမှန်းမသိခဲ့....

တကယ်လို့သူ့မိဘဆန္ဒကိုရွေးချယ်ပြီး သူဆရာဝန်လုပ်ခဲ့ရင် သူဆက်ပြီးသူစိတ်ဝင်စားရာကိုလုပ်ဖို့ အချိန်ပေးနိုင်တော့မည်မဟုတ်ပေ....

သူ့ရဲ့ဆရာ Professor Kimကလည်း သူ့ကိုအချိန်တစ်ခုပေးပြီး သေချာစဉ်းစားဆုံးဖြတ်စေခဲ့သည်။

သူစဉ်းစားရကြပ်နေချိန်မှာ သူ့ဘဝရဲ့အလင်းရောင်အဖြစ် ဆယ့်သုံးနှစ်သားလေးဝမ်ရိပေါ်က ဝင်ရောက်လာခဲ့သည်။

အတွေးတွေနဲ့လမ်းလျှောက်နေခဲ့တဲ့သူ့ကို ဆယ့်သုံးနှစ်သားလေးဝမ်ရိပေါ်ဟာ စကိတ်စီးရင်းဝင်တိုက်ခဲ့သည်။

"ကျွန်တော်လာနေတာ မမြင်ဘူးလား ဘာလို့ဝင်တိုက်တာလဲ"ဟူသောအသံမှာ ပထမဆုံးအနေနဲ့ သူရဲ့နှလုံးသားဟာစတင်ခုန်လှုပ်ခဲ့သည်။

အဲ့ကတည်းက ဆယ့်သုံးနှစ်သားလေး ဝမ်ရိပေါ်ဟာ တကယ်ကိုအကြောတင်းလေးဖြစ်ကြောင်း သူနားလည်ခဲ့ရတယ်။

Because Of a SystemHikayelerin yaşadığı yer. Şimdi keşfedin