Unicode
"🍷Cheerrrrr🍷
ဒီနေ့က တရုတ်ပြည်မှာလျှမ်းလျှမ်းတောက် စီးပွားရေးလောကမှာထိပ်သီးလုပ်ငန်းကြီးဖြစ်တဲ့Wang Groupကိုတည်ထောင်သူ ဥက္ကဌဝမ်ရိဖန်ရဲ့မွေးနေ့။သူကသူ့ birthday partyကိုသူ့ရဲ့Wang အိမ်တော်မှာဘဲကျင်းပဖြစ်တယ်။တက်ရောက်တဲ့သူတွေကလည်းတကယ့်ဒိတ်ဒိတ်ကျဲတွေချည်းဘဲ။Tycoonတွေ၊လွှတ်တော်အမတ်တွေ၊စီးပွား ရေးလုပ်ငန်းရှင်တွေ၊ပညာရှင်တွေချည်းဘဲ။
" ဥက္ကဌWang မွေးနေ့မှစ၍ကျန်းမာအသက်ရှည်ပါစေ၊Wang Groupကြီးလည်း ဒီထက်အောင်မြင်ပါစေ၊လေဒီလေးတွေကိုလည်းဒီထက်မကခြွေနိုင်တဲ့sugar grandpaကြီးလည်းဖြစ်ပါစေဗျာ"
စေတနာဗရဗွနဲ့မွေးနေ့ဆုတောင်းပေးတဲ့သူဌေးကျိုးလုဟန်။သူဌေးကျိုးဆိုတာwang groupလုပ်ငန်းခွဲတွေကဆေးရုံလုပ်ငန်းတွေရဲ့ရှယ်ရာရှင်တစ်ယောက်။
သူဌေးကျိုးနဲ့ဥက္ကဌဝမ်ဆိုတာ ငယ်ပေါင်းကြီးဖော်တွေ၊ပြောရမယ်ဆိုရင် အတွင်းသိအဆင်းသိတွေပေါ့။"ဟားး ဟားး ဟားး သူဌေးကျိုးရယ်၊sugar dadyလောက်ပဲလုပ်ပါဗျာ၊ဘာလို့grandpaတောင်ဖြစ်သွားရတာလည်း၊ကျနော့်အသက်က အခုမှသုံးဆယ်ကျော် ရှိသေးတာလေဗျာ၊"
"ဟားး ဟားး ယုံအောင်ပြောပါ ဥက္ကဌဝမ်ရယ်၊ခင်များသားကြီးတောင်သုံးဆယ်ပြည့်တော့မှာကို ခင်ဗျားက သုံးဆယ်ကျော်ဆိုတော့.."
"သူဌေးကျိုးကလည်း ကျနော်ကသုံးဆယ်ကိုနှစ်ဆယ့်ငါးနှစ်လောက်ဘဲ ကျော်သေးတာလို့ပြောမလို့ပါဗျ"
"ဟားဟားး ဥက္ကဝမ်ကတော့ ငယ်ငယ်ကအတိုင်း မျက်နှာပြောင်တုန်း"
"ကျနော်ကမျက်နှာဘဲပြောင်တာပါ၊ခင်များက ထိပ်ပါပြောင်တာလေ၊အော် မေ့နေတာ ကျနော်ခင်များအတွက်Hong Kongကနေဆံပင်ပေါက်ဆေးဝယ်ထားသေးတယ်၊ အော်ပြီးတော့ ခင်များအခုစွပ်ထားတဲ့ပုံထက်ပိုကောင်းတဲ့ဆံပင်တုလည်းဝယ်ထားသေးတယ်။အပြန်ကျရင်လက်ဆောင်ပေးလိုက်မယ် ဟုတ်ပြီလား ဟားး ဟားး ဟားး၊ကောက်ရိုးပုံအမှတ်တရ ထိပ်ပြောင်လေး ဟားး ဟားးဟားး"
သူဌေးကျိုးက သူ့ကိုထိပ်ပြောင်လို့ခေါ်ရင်သိပ်စိတ်ဆိုးတာ၊သူငယ်ငယ်တုန်းက ကောက်ရိုးပုံနားရည်းစားနဲ့ချိန်းတွေ့နေတုန်း ကောက်ရိုးပုံ မီးလောင်နေတုန်းက မီးကသူ့ဆံပင်စွဲသွားတာတောင်မသိလိုက်လို့လေ၊မီးကျွမ်းသွားတဲ့ဆံပင်တွေကိုတုံးလိုက်ရပေမယ့် မီးအကြီးအကျယ်စွဲသွားတဲ့ ခေါင်းထိပ်ကတော့ဆံပင်ပြန်ပေါက်မလာတော့ဘူးတဲ့လေ၊သူ့ထိပ်ေပြာင်ဖြစ်သွားလို့သူ့ရည်းစားကလည်းသူ့ကိုပစ်သွားရော၊ဥက္ကဌဝမ်ကbffအရင်းခေါက်ခေါက်ကြီးဆိုတော့ သူဌေးကျိုးနဲ့တွေ့တိုင်း ငယ်ကျိုးငယ်နာလှန်နေကြ။လူပုစိတ်တိုသူဌေးကျိုးကို ဥက္ကဌဝမ်ကလည်းတွေ့လိုက်ရင်နည်းနည်းလောက်စလိုက်ရမှကိုကျေနပ်တာ။ပြီးရင် တစ်ပတ်လောက်ကြာအောင်စိတ်ဆိုး၊ပြီမှပြန်ခေါ်၊ရန်ဖြစ်ပြီဆိုရင်လည်း ဘယ်တော့မှဘယ်မခေါ်တော့မယ့်လူတွေလို ရှိသမျှ အကုန်လှန်ပြီးရန်ဖြစ်(ငယ်ကျိုးငယ်နာပြောပါတယ်🙄)၊ပြန်တည့်ချင်ပြီဆိုရင်လည်း သူတို့ကို ကြားဝင်စေ့စပ်ပေးစရာတောင်မလို၊ကျိုးကောရေ၊ဝမ်ကောရေ ဖြစ်သွားရော၊Bff like that!
YOU ARE READING
How to Bend A Straight😬😉
Fanfiction(Both with Unicode and Zawgyi) Straightတစ်ယောက်ကိုဘယ်လိုကွေးအောင်လုပ်ရမလဲ သင်သိပါသလား? Let's bend together😬😂 Comedy Romanceလေးဘဲ။ Start Date:1.5.2020 (Both with Unicode and Zawgyi) Straightတစ်ယောက်ကိုဘယ်လိုကွေးအောင်လုပ်ရမလဲ သင်သိပါသလား? Let's bend...