🐰Part 9🦁

1.3K 169 57
                                    

Unicode

ဒန့်ဒလွန်သီးကို မနိုင့်တနိုင်တွဲသွားတဲ့ ခရမ်းသီးကြီးကိုကြည့်ရင်း ရှေ့နေအုပ်စုကတဟားဟား ။
ယွီပင်းကတော့ ဒီဝိုင်းကကိုယ်နဲ့လည်းမဆိုင်တော့တာမို့ထသွားဖို့ပြင်လိုက်ပေမယ့် ကိုယ့်ဘေးကမတော်ရသေးတဲ့ ရည်းစားလောင်းလျာလေးကိုစိတ်မချတာနဲ့ ထိုင်ရမလို၊ထရမလိုဘဲ။

"ဟို ညီလေးကပြန်တော့မလို့လား၊စောပါသေးတယ် အေးဆေးပေါ့"
ကျိူးချန်ဆိုတဲ့ လူက သောက်လက်စခွက်ကိုမော့ရင်းပြောတယ် ။ ပေါက်စကိုဒီလိုအမူးသမားတွေ၊မျက်နှာရူးတွေနဲ့ထားခဲ့ရမှာ တကယ်ကိုစိတ်မချတာပါ။
"ဟုတ်ကဲ့ ကျွန်တော်ကိစ္စလေးတွေ ရှိသေးလို့ပြန်တော့မလားလို့"

"ဟို အကို၊အဲဒါဆိုရင်လေ စစ်ကျွေးကိုအိမ်ပြန်လိုက်ပို့ပေးလိုက်ပါလား"
အိုးးးဟိုးး ကြားချင်နေတာဒီစကားလေး၊ဘယ်လိုတောင် ထူးချွန်ထက်မြက်တဲ့မိန်းကလေးမျိုးပါလိမ့်။

"ဟာ မေရီကလည်း သူများကိုအားနာစရာ၊ငါပြန်လိုက်ပို့ပေးလည်းရပါတယ်"ဘေးနားက ကျိရန်ကဝင်ပြောတော့

"နင်ဘာမှမသိပါဘူး ကျိရန်ရာ ၊နင် တော်တော်လိုက်ပို့ချင်ရင်ငါ့လိုက်ပို့၊စစ်ကျွေးက ဟိုအကိုပို့မှဖြစ်မှာ"

" ဟုတ်တယ် ကျိရန်၊မင်းမသိရင်အသာနေ၊အော် မေရီတို့များ...........ဟွင်း ဟွင်း"
ဘေးနားက ကျင်းရီကမြွေမြွေချင်းခြေမြင်တယ်ဆိုတဲ့devil smileကြီးနဲ့ပြုံးရင်း မေရီ့ကိုဝင်ပြောတယ်။

မေရီက အသာနေ၊လျှာမရှည်နဲ့ ဒီမှာအခမဲ့ အကျိုးဆောင်လုပ်နေတယ်ဆိုပြီး ကျင်းရီကိုမျက်လုံးနဲ့စစ်ခင်းတယ်။
ကြားထဲက ကျိရန် လေးကတော့မေရီကိုကြည့်လိုက်၊ကျင်းလင်ကိုကြည့်လိုက်နဲ့ သူမှာဘာဝင်ပြောရမှန်းကိုမသိ။ကျိုးချန်ကတော့ သူ့လူတွေအကြောင်းသိနေတော့ရယ်သာရယ်နေတယ်။

"အကို ယွီပင်း စစ်ကျွေးကိုလိုက်ပို့ပေးလို့ဖြစ်တယ်မလား၊မေရီကလေ ကျိရန်နဲ့အပြန်ဝင်စရာနေရာရှိသေးလို့၊ဒါပေမယ့် အကိုမအားရင်လည်း........."
မေရီက အားနာသလိုလို ဘာလိုလိုမျက်နှာသေလေးနဲ့ထပြောတော့ ယွီပင်းမမူနိုင်တော့။

How to Bend A Straight😬😉Where stories live. Discover now