Unicode
Bejing ရဲ့လမ်းမကျယ်ကြီးထက် ချစ်ရသူလေးကိုဆိုင်ကယ်နောက်မှာတင်၊ကိုယ့်အချစ်ကကိုယ့်ခါးလေးကိုဖက်ထား၊လေလေးကလည်းတဖြူးဖြူးနဲ့၊သောက်ရမ်းမိုက်တဲ့feelingလို့ထင်တယ်မလား၊ထင်ရင်မင်းbfကိုမမူးစေနဲ့။
အခုဆိုငါလေးကိုကြည့် ငါ့အချစ်ကနောက်ကနေမူးမူးရူးရူးနဲ့ မတ်တပ်ရပ်စီးမယ်လုပ်လို့မနည်းတားထားရ၊ဆိုင်ကယ်ဦးထုပ်ကတစ်လုံးဘဲ ပါလာတာမို့ သူ့ပေးဆောင်းထားရတာနဲ့မသော်ပါရင်ကိုယ်ကအရင်ဖြစ်မှာ၊လမ်းမှာ ဦးဦးရဲကြီးတွေနဲ့တွေ့ရင်alcholco testခံရမှာစိုးလို့ ကွေ့ပတ်မောင်းလာရတာတစ်မျိုးနဲ့ ဝရမ်းပြေးဘဝလုံးလုံးရောက်နေရသလို။ ပြီးတော့အန်ချင်တာကိုအန်မယ်မပြောဘဲ မပြောမဆိုလုပ်ချလိုက်လို့ ဖေ့ဖေ့သားကြီး အစိမ်းရောင်ဆိုင်ကယ်လေးဘဝအန်ဖတ်တွေနဲ့သောက်ရမ်းနန်းဆန်သွားရော၊အေးလေ၊ tracer85လေးရေ၊ဝဋ်ကြွေးရှိသလောက်ခံပေဦးပေါ့။အခုလည်းကြည့်၊ခြေတစ်ဖက်ချတာနဲ့တောင် ပြိုကျမလားထင်ရတဲ့ တရုတ်နိုင်ငံကအစုတ်ဆုံးခြောက်ထပ်တိုက်၊ဓာတ်လှေကားလည်း၊မရှိလူတက်ဖို့သုံးပေတောင်မကျယ်တဲ့ လှေကားကနေ ကိုယ့်ထက်6စင်တီမီတာလောက်ပိုအရပ်ရှည်တဲ့ယောက်ျားတစ်ယောက်ကို ငါးလွှာအထိကျောပိုးပြီး တက်ရတဲ့အရသာကိုသိပါသလား။မသိရင်လည်းငြိမ်ငြိမ်နေ၊မစမ်းချင်နဲ့၊ ခါးကျိုးမယ့်ဘဝ၊သည်းထိတ်ရင်ဖို၊ပြုတ်ကျရင် နေ့ချင်းပြီးပိတ်ဖြူအုပ်ရမယ့်အဖြစ် ရင်တမမနဲ့တစ်လှမ်းချင်းတက်နေရတဲ့ feelingကြီးဟဲ့။
သံချေးတောင်တက်နေပုံရတဲ့ အခန်းသော့ကိုခပ်တင်းတင်းဆွဲလှည့်ပစ်လိုက်တော့ အေးရော၊တံခါးလက်ကိုင်ပါပြုတ်ပြီး ပါလာတယ်၊ချီးဘဲ ၊ဒီလောက်စုတ်နေတဲ့တံခါးတောင်အခုထိမလဲဘူး ၊ဘယ်လောက်တောင်ကပ်စေးနဲချက်လဲ။စိတ်တိုတိုရှိတာနဲ့ခြေထောက်တစ်ဖက်နဲ့ တံခါးကိုဆောင့်ကန်ပစ်လိုက်တော့သောက်ကျိုးနဲအိုနာကျိုးကန်းတံခါးကတော်တော်မာသား၊အပြစ်မရှိတဲ့ ငါလေးခြေချောင်းလေးတွေသနားပါတယ်။
ပုခုံးပေါ်ကစိုစွတ်စွတ် အထိအတွေ့၊ဘာလည်းသိလား၊အမူးသမားက သူများကျောပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေလို့သွားရည်တွေတောင်ကျနေတာလေ။ဒါမယ့် စိတ်တော့မဆိုးပါဘူး၊လူကိုချစ်မှတော့သွားရည်လည်းချစ်ရမှာပေါ့။ခံလိုက်ပေဦးပေါ့ ဝမ်ရိပေါ်ရယ်။
CZYTASZ
How to Bend A Straight😬😉
Fanfiction(Both with Unicode and Zawgyi) Straightတစ်ယောက်ကိုဘယ်လိုကွေးအောင်လုပ်ရမလဲ သင်သိပါသလား? Let's bend together😬😂 Comedy Romanceလေးဘဲ။ Start Date:1.5.2020 (Both with Unicode and Zawgyi) Straightတစ်ယောက်ကိုဘယ်လိုကွေးအောင်လုပ်ရမလဲ သင်သိပါသလား? Let's bend...