🐰Part 4🦁

2K 253 87
                                    

Unicode

စောင့်ဆိုင်းရတာကိုမုန်းတဲ့ကျနော်က လူတစ်ယောက်ကိုစောင့်ဖို့ဖြစ်လာတယ်။ဟုတ်တယ် ကျနော့်ကိုကိုကွေးလာမယ့်အချိန်ကိုစိတ်ရှည်ရှည်နဲ့စောင့်နေရတယ်။

အခုလည်း စောင့်နေတယ်။ကျနော့်ကိုကိုရဲ့ law firmရှေ့မှာ။ရုံးပြန်ရင်bus တိုးမယ့်
ကိုကို့ကို ဆိုင်ကယ်နဲ့အိမ်ပြန်လိုက်ပို့ဖို့စောင့်နေတယ်၊ဘာလို့ရုံးထဲဝင်မစောင့်လဲ မမေးနဲ့။
Colaတိုက်မလို့၊Supriseတိုက်ရတာရိုးတယ်။
ညနေငါးနာရီထိုးတော့ ရုံးထဲကနေတခြားရှေ့နေတွေထွက်လာကုန်ပြီ။ဒါမယ့်ကိုကိုတစ်ယောက်ကတော့ထွက်မလာသေး။ကိစ္စမရှိပါဘူး၊စောင့်နိုင်တယ်။
.
.
.
.
.
.

"ဟေ့ရောင် ဝမ်ရိပေါ်"

ဝမ်ရိပေါ်law firmရှေ့မှာစောင့်နေတာ ရှစ်နာရီတောင်ထိုးပြီ၊ဒါပေမယ့်စောင့်နေတဲ့ကိုကိုကအခုထိထွက်မလာ။လာမယ့်လာတော့ မမြင်ချင်တဲ့မျက်နှာဆိုးတစ်ခု၊လျှိုဝမ်ချောင်။
ဝမ်ချောင်ဆိုတာကလည်း ရိပေါ်ကိုနေရာတကာလိုက်ပြိုင်နေတာ၊ဝမ်ရိပေါ်ဆိုင်ကယ်ပြိုင်ရင်လိုက်ပြိုင်တယ်၊နိုင်တာလည်းမဟုတ်၊ပြီးရင် မှောက်လို့ကျောက်ပတ်တီးစီးရ။ရိပေါ် ဆံပင်အရောင်ဆိုးရင်သူလည်းလိုက်ဆိုးတယ်၊ရိပေါ်ကခရမ်းရောင်ဆိုးရင်သူလည်းခရမ်း၊ပြီးရင် သူများလိုလှတာလည်းမဟုတ်၊သူဆိုးရင်ခရမ်းသီးမီးဖုတ်လို့ရှုံ့တွ‌ နေတဲ့ရုပ်ပေါက်သွားပြီး‌ေတာ့။အခုလည်း ပြသနာလာရှာတာဖြစ်မယ်၊သူကြိုက်နေတဲ့ ရှောင်အမတ်ရဲ့သမီးကသူ့ကိုပြန်မကြိုက်ဘဲ ဝမ်ရိပေါ်ကိုကြိုက်နေလို့မြင်တိုင်းခွေ့ချင်နေတာ။ဝမ်ရိပေါ်လည်း သိတာပေါ့ ။
ရှောင်အမတ်သမီးသူ့ကိုရေလာမြောင်းဖောက်နေမှန်း။ဒါပေမယ့် ဝမ်ရိပေါ်ဆိုသည်မှာလည်းကို့ကိုကိုကြိုက်မိလို့ ကိုယ့်ကိုကိုယ်အကွေးမှန်းသိသွားကတည်းက ဘယ်မိန်းကလေးနဲ့မှထပ်မ‌တွဲဖို့ဆုံးဖြတ်ထားပြီးသား၊သူ့ဘာသာသူမြောင်းဖောက်ရုံမကလို့ အင်ဂျင်နီယာတွေ‌ပါခေါ်ပြီးဆည်ဆောက်ဆောက်၊ဝမ်ရိပေါ်တို့က Noဆို ချောင်းတောင်ခေါင်းလှည့်မဆိုးဘူး၊ok!

"မင်း အပြစ်မင်းသိလား"
မေးတဲ့ပုံစံကိုက အထက်တန်းကျောင်းတုန်းကကျောင်းအုပ်ကြီးစတိုင်။
"ဘာကိုလည်း"

How to Bend A Straight😬😉Tahanan ng mga kuwento. Tumuklas ngayon