Unicode
"ကျတော်က ကိုကို့ကလေးလေးပါ အန် !တီ!"
"အဟွတ် အဟွတ်!!!ရိ..ရိပေါ်"
အန်နဲ့တီကိုသေသေချာချာသံရှည်ဆွဲပြီး ပီပီသသ ငါးခူပြုံးကြီးနဲ့ပြောချလိုက်တဲ့ဝမ်ရိပေါ်ကြောင့် ရှောင်ကျန့်တောင်ရေသောက်နေရင်းထသီးသည်။ဘယ်လိုတောင်ခေါ်လိုက်တာလဲ ပေါ်တိရယ်။ဟိုကပါးထမရိုက်တာကံကောင်း။အသက်တောင်သုံးဆယ်မပြည့်သေးတဲ့မိန်းကလေးတစ်ယောက်ကို အန်တီဆိုတော့?ငါတောင် မင်းအစားပါးတဖက်ကယားကျိကျိရယ်။
ဒါပေမယ့်အယ်ရီကတော့စိတ်ဆိုးတဲ့ပုံမဟုတ်။ နည်းနည်းအံ့ဩသွားတဲ့ပုံပေါ်ပေမယ့်ခပ်ဟဟရယ်ရင်းဆိုလာသည်။
"အိုးးးဟိုးး၊တို့ကိုအစ်မလောက်တော့ခေါ်မှပေါ့ငါ့မောင်ရယ်။ဘယ်လိုလို့ အန်တီလဲ။တို့ကZhanနဲ့ကျောင်းနေဖက်ပါ။ပြီး တော့တွက်ကြည့်ရင်Zhanထက်ငါးလတောင်ငယ်ပါသေးတယ်။ "
"ဟွန့်"ခနဲတချက်နှာမှုတ်ရင်း ထိုးလိုက်တဲ့ဝမ်ရိပေါ်ရဲ့မျက်စောင်းကိုမြင်တော့အယ်ရီမရယ်ဘဲမနေနိုင်တော့။ထပ်စချင်လာတာနဲ့
"အဲ!ကလေးဆိုတော့Zhanကဘယ်တုန်းကကလေးမွေးလိုက်တာလဲ။Zhanသားလေးကချစ်စရာလေးဘဲ""အဲ!!ရိ..ရိပေါ်ကကိုယ့်သားမဟုတ်ပါဘူး၊ကိုယ့်မိတ်ဆွေတစ်ယောက်ရဲ့သားပါ၊
ကိုယ့်အတွက်ကတော့ ညီလေးတစ်ယောက်ကောက်ရသလိုဘဲ။""ဘယ်သားကအဖေကို ကိုကိုလို့ခေါ်မှာလဲ။မဆီလျော်လိုက်တာ"
ရိပေါ်ရဲ့ အပြစ်တင်သလိုလိုခပ်တိုးတိုးရေရွတ်သံကိုကြားဖြစ်အောင်ကြားလိုက်တဲ့အခါ အေရီထပ်ရီမိပြန်သည်။
"ဪ ခိ ခိ!!"
ဪတစ်လုံးထပ်ပိုမပြောဘဲ ပြုံးစိစိလုပ်နေတဲ့ အယ်ရီကို တော့နားမလည်တဲ့မျက်လုံးလေးနဲ့သာကြည့်ရှာတယ် ။
ခဏကြာတော့waiter ကမှာထားတဲ့ဟင်းတွေလာချတယ်။"ကိုကို ပုစွန်ကအခွံကြီးနဲ့၊လုပ်ပေးဦး!!!"
"ကိုကိုsteakလှီးပေးဦး!!"
"ကိုကို ဟိုဟာလေးလည်းထည့်ပေး၊ကျတော်ကြိုက်တယ်!!"
"ကိုကို ဂဏန်းအသားနွှင်ပေးဦး!!!"
YOU ARE READING
How to Bend A Straight😬😉
Fanfiction(Both with Unicode and Zawgyi) Straightတစ်ယောက်ကိုဘယ်လိုကွေးအောင်လုပ်ရမလဲ သင်သိပါသလား? Let's bend together😬😂 Comedy Romanceလေးဘဲ။ Start Date:1.5.2020 (Both with Unicode and Zawgyi) Straightတစ်ယောက်ကိုဘယ်လိုကွေးအောင်လုပ်ရမလဲ သင်သိပါသလား? Let's bend...