🐰Part 5🦁

1.8K 224 58
                                    

Unicode

ဘဝမှာ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တောင်း​ကြည့်ချင်တယ်။ကို့ကို့မျက်မှန်လေး ဖြစ်ပါရစေလို့။အနီးမှုန်နေတဲ့ကိုကို့ကို ပါဝါတိုးပြီး ကျနော့်အချစ်တွေကိုကြည်ကြည်လင်လင်မြင်ရစေချင်လို့။ကိုကို မျက်လုံးဖွင့်လိုက်တာနဲ့မရှိမဖြစ် ကျနော့်ကိုလိုအပ်နေစေချင်လို့။ထပ်ပြီးဆုတောင်းရရင် ကိုကို့နှုတ်ခမ်းအောက်က
မှည့်နက်လေးကကျနော်ဖြစ်ပါရစေလို့။သိပ်ခန့်ညားလွန်းတဲ့ကိုကို့ကို ပို​ပြီးချစ်ဖို့ကောင်းသွားအောင်ပါလုပ်ပေးနိုင်တဲ့အဆင်တန်ဆာလေးမို့။

ဟဲ ဟဲ၊ကဗျာတွေသိပ်ဆန်သွားလား၊အချစ်နဲ့တွေ့ရင်လူတိုင်းက ကဗျာဆန်သွားရောတဲ့။အချစ်ဆိုတာဟာမင်းတို့FA တွေနားမလည်နိုင်တဲ့ဘာသာစကားတစ်ခု၊အဲ့တော့ရှင်းပြမနေတော့ဘူး၊သူများအတွဲတွေရိုတာကြည့်ပြီးဘဲစောင်ကိုက်ကြ။(အေးပါ ပေါ်ကြီးရယ်🤧)

ငါအခုကိုကို့ရုံးခန်းထဲမှာ၊ကိုကိုရုံးဆင်းရင်ပြန်လိုက်ပို့ဖို့စောင့်နေတာ၊ကိုကိုကငါ့ကို အခန်းထဲမှာဘဲထိုင်စောင့်ခိုင်းတော့တယ်၊အပြင်မှာစောင့်ရင် ဟိုနေ့ကလိုဝမ်ချောင်လာအနိုင်ကျင့်မှာစိုးလို့တဲ့၊တွေ့လား missionတောင်မစရသေးဘူး၊အ​ခြေအနေကောင်းနေပြီ၊ဟိ ဟိ။

အခုတော့ခြောက်နာရီထိုးနေပြီ။ဒါပေမယ့်ကိုကိုကတော့ပြီးမယ့်ပုံမပေါ်သေးဘူး။မနက်ဖြန်ရုံးချိန်းရှိလို့တဲ့။ဘောပင်လေးကိုက်ပြီး စဥ်းစားလိုက်၊ပြီးရင်သူ့ သုံးလက်မလောက်ထူတဲ့ဥပဒေစာအုပ်ကြီးကိုလှန်လိုက်၊note​တွေထုတ်လိုက်၊ကွန်ပျူတာကိုတချောက်ချောက်​ ပြန်ရိုက်လိုက်နဲ့၊တချက်ချက်ဆို မျက်မှောင်ကြီးကျုံ့လိုက်နဲ့၊ပြီးရင် ဘာမှန်းမသိတဲ့ ဖိုင်တွေကိုလှန်လိုက်နဲ့ အလုပ်ကိုရှုပ်နေတာဘဲ။ဒီကကလေးလေးကကူလုပ် ပေးချင်ပေမယ့်လည်း ကိုကိုကပြောတယ် မင်းငြိမ်ငြိမ်ထိုင်နေတာငါ့ကိုကူညီတာဘဲတဲ့လေ။ အဲ့တော့လည်းဆိုဖာပေါ်မှာငြိမ်ငြိမ်လေးထိုင်ပြီး ကိုကို့ကိုတစိမ့်စိမ့်ကြည့်နေတော့မယ်။
.
.
.
.
.
.
လိုအပ်တဲ့ စာရွက်စာတမ်းတွေရယ်၊cctvမှတ်တမ်းတွေရယ်၊မျက်မြင်သက်သေဆီကဝန်ခံချက်တွေရယ်၊အားလုံးစုံသွားပြီ၊ဒီလိုဆို မနက်​ဖြန်အမှုကလည်း ကျိန်းသေမနိုင်စရာမရှိ Bingo!!!!
မမှားသောရှေ့နေ၊မသေသောဆေးသမားဆိုတာမရှိဘူးတဲ့၊အဲ့စကားပုံကိုကြားရင်တော့ ရှောင်ကျန့်ရယ်ချင်တုန်း၊ဘာလို့ဆို သူ့အတွက်က ဟာသနဲ့တူတယ်လေ၊အခုချိန်ထိ သူ့အမှုလိုက်သက်တမ်းခြောက်နှစ်နီးပါးမှာ အခုအချိန်ထိရှုံးတယ်ဆိုတာမရှိခဲ့ဘူးသေးလို့ဘဲ။
လုပ်လက်စတွေလက်စသတ်၊PCကိုpower offပြီးတော့ ပြန်ဖို့ပြင်တယ်၊မတ်တပ်ရပ်ရင်း ခါးဆန့်လိုက်တော့ မျက်လုံးကဆိုဖာပေါ်ကကောင်လေးဆီအကြည့်ရောက်သွားတယ်။
ဟုတ်သားဘဲ ဒီကောင်လေးကိုစောင့်ခိုင်းထားတာ၊အလုပ်ထဲစျာန်ဝင်နေတာမို့ကောင်လေးစောင့်နေတာတောင်မေ့သွားသည်။ကောင်လေးကတော့ ဆိုဖာပေါ်ခေါင်းတင်ရင်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလေရဲ့၊ရှောင်ကျန့်ကောင်လေးအနားကိုသွားရင်း နိုးဖို့ပြင်တယ်၊ ကောင်လေးပုံကြည့်ရတာ တော်တော်အိပ်မောကျနေတဲ့ပုံဘဲ၊ပါးစပ်လေးတောင်ဟပြီးဟောက်နေလိုက်သေး။
ရှောင်ကျန့်အခုမှသေချာကြည့်မိသည်။
ကောင်လေးရဲ့ အသားအရေကဖြူဥနေတာဘဲ။ဆံပင်ရွှေ ရောင်တွေကလည်းနဖူးပြေပြေပေါ်မှာ နေရာယူလျှက်။ မျက်တောင်စိပ်စိပ်လေးတွေဖြာကျနေတာလေးကလည်း လှတော့လှသား၊ဆိုဖာပေါ်ခေါင်းမှီရင်း အိပ်ပျော်နေတော့ထင်ရှားတဲ့ jaw lineနဲ့လည်တိုင်ရှင်းရှင်း​မှာထိုးထွက်​ နေတဲ့adam's apple ကလည်း ယောကျာ်းဆန်မှုကို အပြည့်အဝ ဖော်ပြနေသည်။ဒီကောင်လေးကလေ ဘာလို့ငါ့ထက်ကြီးနေရတာလဲ၊လည်စိပြောပါတယ်။ဒီကောင်လေးကကိုယ့်လောက်တော့မခန့်ညားပေမယ့် လူချောလူလှလေးတစ်ယောက်ဆိုတာတော့ ရှောင်ကျန့်ဝန်ခံလိုက်မယ်။ အခုအချိန်မှာ မိန်းကလေးတွေဝိုင်းဝိုင်းလည်နေလောက်မယ့် ကောင်လေးကဘာလို့အခုလို ကိုယ့်နောက်တကောက်ကောက်လိုက်နေတာပါလိမ့်။
(အော် အေး ၊ကောကောကဘယ်သိပါ့မလဲ 18ရာစုအစောပိုင်းမှာမွေးလာတာဆိုတော့🙄)
အချိန်ကိုကြည့်လိုက်တော့လက်တံအတိုနဲ့အရှည်က ကိုးဂဏန်းမှာထပ်တူကျလျက်၊မဖြစ်တော့ဘူး နှိုးမှဖြစ်မယ်။
ရှောင်ကျန့်ရိပေါ်ပါးကိုခပ်ဖွဖွသုံးချက်ပုတ်ရင်းနှိုးလိုက်သည်။(လက်နဲ့နော်😁)

How to Bend A Straight😬😉Onde histórias criam vida. Descubra agora