Unicode
Helmetအစိမ်းကြီးတောင်ချွတ်ပေးဖို့မေ့နေတဲ့အထိ မေ့နေတဲ့ကိုကိုရဲ့စိတ်အခြေအနေက တော်တော်မကောင်းမှန်းရိပေါ်သိလို့နေပါတယ်။ဘာဘဲဖြစ်ဖြစ် အပူသည်ရုပ်နဲ့ကိုကိုကို စိတ်ပြေလိုပြေငြားပြောဖို့စကားရှာရတယ်။
"ကိုကို!!"
ရိပေါ်ခေါ်သံကြောင့် တိုက်ပေါ်တက်ဖို့ဦးတည်နေတဲ့ပျင်းတိပျင်းရွဲခြေလှမ်းတွေကရပ်တန့်သွားတယ်။နောက်ကိုပြန်လှည့်ကြည့်ပြီး
"ဘာလဲရိပေါ်""Helmetချွတ်ပေးခဲ့ဦးလေ"
ရိပေါ်ပြောတော့မှ ရှောင်ကျန့်ကိုယ့်ခေါင်းကိုပြန်စမ်းကြည့်မိတော့မာမာကြီး။
ဆိုင်ကယ်ပေါ်ကအဆင်းhelmetချွတ်ဖို့တောင်မေ့နေရတဲ့အထိ ကိုယ့်အဖြစ်ကိုယ်ပြန်တွေးရင်း ကိုယ့်ကိုကိုယ်သနားမိသွားတာပါဘဲ။အော် ငါလေးဒီလောက်တောင်အပူမိနေတာဘဲ။ဘယ်မိန်းမမှမကောင်းဘူး။ တော်ပြီ။မိန်းမလည်းမယူတော့ဘူး။ကိုယ့်လိုတောင့်တောင့်ဖြောင့်ဖြောင့်ကိုမကြိုက်ဘဲ ကွေးနေတဲ့ အချစ်ဦးမအကြောင်းပြန်တွေးရင်းထွက်လာတဲ့ဒေါသတွေကမဲမဲမြင်ရာဖက်ကိုက်ချင်တာပါဘဲ။မေးသိုင်းကြိုးကို အကြမ်းပတမ်းဆွဲဖြုတ်ရင်းအစိမ်းရောင်ဆိုင်ကယ်ဦးထုပ်ကိုရိပေါ်ထံပစ်ထံပစ်ပေးလိုက်တယ်။
"ရော့။နောက်တခါ လာဆောင်းမပေးနဲ့။ဒဏ်ငွေရိုက်ခံရရင်မင်းဆောင်လိုက်။"
ဆောင့်ဆောင့်အောင့်အောင့်နဲ့ပေးပြီးပြန်တော့မယ့်ပုံပေါ်နေလို့ရိပေါ်ဆွဲမိဆွဲရာမြန်မြန်လှမ်းဆွဲထားလိုက်ရသည်။မိလိုက်ပါတယ်။ဖြူဖြူကြီး။အကျီစပြောပါတယ်။"ဘာလဲ၊ဘာချွတ်ပေးစရာကျန်သေးလို့လဲ""
"ဘာမှချွတ်စရာမကျန်ပါဘူး။ဟီးးးး ကောညီလေးကို တိုက်ပေါ်အလည်မခေါ်တော့ဘူးလားလို့ မေးမလို့""မင်းဘာသာမင်းလိုက်ချင်လိုက်။မလိုက်ချင်နေ။ခါတိုင်းလည်းလာချင်သလိုလာပြန်ချင်သလိုပြန်ပြီးအခုမှ အထူးအဆန်းလုပ်ပြီးခွင့်တောင်းနေသေးတယ်။"
ရှောင်ကျန့်ပြောတာမမှား။ရှောင်ကျန့်အိမ်ကရိပေါ်အတွက်အိမ်ဦးနဲ့ကြမ်းပြင်။သွားလိုက်လာလိုက်။
ရင်းနှီးလာတဲ့အချိန်ဘယ်လောက်မှမရှိဘူးဆိုပေမယ့်ရှောင်ကျန့်လည်းဒီကောင်လေးပေါ်တကယ်ခင်ပါသည်။ ညနေတိုင်းရုံးဆင်းလို့ဆိုင်ကယ်နဲ့စောင့်နေမိရိပေါ်ကိုလာမယ်မှန်းသိရက်နဲ့ေတာင်နေ့တိုင်းမသိမသာမျှော်မိသည်။မင်းအိမ်လာတာ မျက်စိနောက်လိုက်တာလို့ပြောတတ်ပေမယ့် တစ်ကိုယ်တည်းလူပျိုကြီးက ရိပေါ်အိမ်လိုက်လည်တဲ့နေ့တွေဆို ရေပက်မဝင်အောင်စကားတွေပြောကြရင်း အချိန်ကုန်လို့ကုန်မှန်းမသိအောင် ဒီကောင်လေးလာလည်တဲ့နေ့တွေဆိုသိပ်အပျင်းပြေပါသည်။ရိပေါ်ကလည်း အိမ်စောစောပြန်ရမှာပျင်းတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ညည့်နက်တဲ့အထိ ခေါင်မိုးထပ်မှာ ဘီယာလေး သောက်လိုက်။KFCကကြက်ကြော်လေးစားလိုက်အေးအေးလူလူဘဲ။ဒကာကတော့ရိပေါ်ပေါ့။ဝယ်လာသမျှဘီယာတွေအကုန်သောက်ရင်း အရင်မှောက်သွားတတ်တဲ့ရှောင်ကျန့်။ကိုယ့်ထပ်ရှည်တဲ့ကလန့်ကလားကြီးကိုနေ့တိုင်းခါးကျိုးမတတ်ကျောပိုးပြီးခေါင်မိုးထပ်ကနေသူ့အခန်းထဲပြန်ပို့ပေးရသည်။ဒါကိုပင်ကျေကျေနပ်နပ်ကြီး ပျော်နေတဲ့တတ်ရိပေါ်။
လိုက်လည်းလိုက်ကြပါသည်။
DU LIEST GERADE
How to Bend A Straight😬😉
Fanfiction(Both with Unicode and Zawgyi) Straightတစ်ယောက်ကိုဘယ်လိုကွေးအောင်လုပ်ရမလဲ သင်သိပါသလား? Let's bend together😬😂 Comedy Romanceလေးဘဲ။ Start Date:1.5.2020 (Both with Unicode and Zawgyi) Straightတစ်ယောက်ကိုဘယ်လိုကွေးအောင်လုပ်ရမလဲ သင်သိပါသလား? Let's bend...