Unicode
တရား
ရှင်လွှတ်ခြင်း၊ တရားသေလွှတ်ခြင်းနှင့်စပ်လျဉ်း၍ ဥပဒေ
တွင် မည်သို့ပြဋ္ဌာန်းထားသနည်း။ မည်ကဲ့သို့ ဆင်ခြင်
သုံးသပ်မှုပြုကြသနည်း။ အနှစ်ချုပ် မျှဝေပါရစေ။တရားရှင်လွှတ်ခြင်း
ထောင်ဒဏ်ခြောက်လထက်ပိုသည့် ပြစ်ဒဏ်စီရင်
ထိုက်သော ဝရမ်းမှုတစ်ခုကို တရားရုံးက စစ်ဆေးရာတွင်
ရှေးဦးစွာ စွပ်စွဲသူတရားလိုကို စတင်စစ်ဆေးပါသည်။ ပြီးလျှင် တရားလိုကပြသော တရားလိုပြ သက်သေများ
ကို ဆက်လက်စစ်ဆေးပါသည်။ တရားလိုနှင့် တရားလိုပြ သက်သေများ၏ အစစ်ခံထွက်ဆိုချက်များအရ စွပ်စွဲ
ခံရသူအပေါ် ပြစ်မှုတစ်စုံတစ်ရာဖြင့် စွဲချက်တင်စစ်ဆေး
ထိုက်ကြောင်း မပေါ်ပေါက်လျှင် တရားခံကို လွှတ်မိန့်
ချမှတ်သည်။ ထိုသို့လွှတ်ခြင်းသည် တရားရှင်လွှတ်ခြင်း
ဖြစ်သည်။တရားသေလွှတ်ခြင်း
စွပ်စွဲခံရသူတရားခံအပေါ် ပြစ်မှုတစ်စုံတစ်ရာဖြင့် စွဲချက်တင်၍ စစ်ဆေးထိုက်ကြောင်း ပေါ်ပေါက်လျှင် အဆိုပါပြစ်မှုပုဒ်မဖြင့် စွဲချက်တင်ကြောင်း တရားရုံးက အမိန့်ချမှတ်သည်။ ပြီးလျှင် စစ်ဆေးပြီးသော တရားလိုပြ
သက်သေများအနက် မည်သူ့ကို ပြန်လည်ခေါ်ယူ၍ စစ်ဆေးလိုကြောင်း တရားခံကတင်ပြလျှင် ယင်းသက်
သေကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးသည်။
ထို့နောက် တရားခံကို စစ်ဆေးသည်။ တရားခံပြ
သက်သေများကို စစ်ဆေးသည်။ နှစ်ဖက်အမှုသည်များ
ကြားနာမှုပြုသည်။ တရားခံသည် ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်လျှင် တရားရုံးက ပြစ်ဒဏ်စီရင်သည့်အမိန့်
ချမှတ်သည်။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားမတွေ့
ရှိရလျှင် တရားခံကို အပြီးအပြတ် လွှတ်သည့်အမိန့်
ချမှတ်သည်။ ထိုသို့ အပြီးအပြတ်လွှတ်သည့်အမိန့်ချ
မှတ်ခြင်းသည် တရားသေလွှတ်ခြင်း ဖြစ်သည်။မည်သည့်အခါ တရားရှင်လွှတ်သနည်း
တရားလိုနှင့် တရားလိုပြသက်သေများ၏ အစစ်ခံ
ထွက်ဆိုချက်များအရ အောက်ပါအခြေအနေများတွင် တရားခံအား စွဲချက်မတင်ဘဲ တရားရှင်လွှတ်ပါသည်-
BẠN ĐANG ĐỌC
How to Bend A Straight😬😉
Fanfiction(Both with Unicode and Zawgyi) Straightတစ်ယောက်ကိုဘယ်လိုကွေးအောင်လုပ်ရမလဲ သင်သိပါသလား? Let's bend together😬😂 Comedy Romanceလေးဘဲ။ Start Date:1.5.2020 (Both with Unicode and Zawgyi) Straightတစ်ယောက်ကိုဘယ်လိုကွေးအောင်လုပ်ရမလဲ သင်သိပါသလား? Let's bend...