🐰Part 3🦁

2.3K 264 100
                                    

Unicode

ခင်ဗျားတို့သိလား၊လူတစ်ယောက်ကိုမြင်မြင်ချင်းချစ်ပါတယ်ဆိုတဲ့ ခံစားချက်ကို။
ကျနော်အရင်ကအချစ်ကို ခပ်ပေါပေါဟာသတစ်ပုဒ်လို့ထင်ခဲ့ဖူးတယ်။ ကိုယ်တိုင်ကြုံဖူးတော့မှ အချစ်ဆိုတာစကားလုံးလေးနှစ်လုံးနဲ့တင် ဂန္တဝင်မြောက်နေမှန်း သိလိုက်ရတယ်။
ခပ်ဖွဖွ ရယ်သံစွက်နေတဲ့အသံချိုချိုလေးကိုကြားလိုက်မိရာကနေအချစ်ကစတယ်၊ရွှေကိုင်းမျက်မှန်အောက်က မျက်လုံးကြည်ကြည်လေးတွေကိုမြင်လိုက်ရတော့ပိုချစ်သွားတယ်၊စွာလွန်းတဲ့နှုတ်ခမ်းပါးလေးကိုတွေ့လိုက်တော့အချစ်ကစိုးရိမ်ရေမှတ်ကိုရောက်သွားပြီ၊နှုတ်ခမ်းအောက်က မှည့်နက်လေးကို မြင်လိုက်ရတော့ကုစရာဆေးမရှိတော့ဘူး။

ဘဝမှာဘယ်တုန်းကမှယောက်ျားလေးတစ်ယောက်ကိုချစ်မိသွားလိမ့်မယ်လို့မထင်မိခဲ့တာအမှန်။ ကျနော်ဆိုသည်မှာလည်းအချစ်နဲ့မတွေ့ခင်မထိstraightဖြစ်ခဲ့တာပါဘဲ။အချစ်ဆိုတာအဲ့လိုဘဲ သောက်ရမ်းဆန်းကြယ်။ကျ‌‌နော့်လိုမိန်းက‌‌လေးတွေနဲ့သက်စေ့တွဲဖူးတဲ့အဖြောင့်ကြီးကို‌တောင်ကွေးစေနိုင်တယ်။
ဒါပေမယ့်ကျနော်တွဲဖူးတဲ့ ဘယ်မိန်းကလေးကိုမှမချစ်ခဲ့ဖူးဘူး၊တကယ်မချစ်ခဲ့တဲ့အတွက်ဘယ်သူ့ကိုမှလည်း ချစ်ပါတယ်လို့မပြောခဲ့ဖူးဘူး။ဒါပေမယ့် ကိုကို့ကိုတော့အခုကစပြီးချစ်ပါတယ်ဆိုတဲ့အကြောင်းနားညီးအောင်‌ပြောပြမယ်။ဖြောင့်ပါတယ်ဆိုတဲ့ကိုကို့ကိုကျနော့်အချစ်တွေနဲ့ရ‌‌အောင်ကွေးပြမယ်။

Please,May I ကိုကို့ကိုကွေးပါရစေ?။😉
*************************

သာယာတဲ့မနက်ခင်းလေးကကို့ကို့နှပ်ချေးတွေနဲ့အစပြုတယ်။

"Morningဆရာရှောင်း၊ ရုံးခန်းထဲမှာဧည့်သည်ရောက်နေပါတယ်"
ရှောင်ကျန့် သူ့law firmထဲကိုဝင်ဝင်ချင်း နှုတ်ဆက်လာတဲ့သူ့အလုပ်သင်ရှေ့နေမလေး။မေရီကရှောင်ကျန့်ဆီမှာ အလုပ်ဆင်းတာသိပ်မကြာသေးဘူး၊သူ့‌law firmတစ်ခုလုံးမှာတစ်ဦးတည်းသောမိန်းကလေးရှေ့နေ၊
နည်းနည်းရှပ်ပြာရှပ်ပြာနိုင်တာကလွဲရင် အလုပ်ကြိုးစားချင်စိတ်ရှိတဲ့သူမို့ရှောင်ကျန့်အတွက် အားကိုးရသည်။

How to Bend A Straight😬😉Nơi câu chuyện tồn tại. Hãy khám phá bây giờ