Unicode
*ဘုတ်*
"အာ၊ဆောရီး"
ယွီပင်းကိစ္စရှင်းပြီးလို့toilet ကအထွက်မှာ လူတစ်ယောက်နဲ့ဝင်တိုက်မိတယ်။ယွီပင်းကတော့ ဟန်ချက်ထိန်းနိုင်လိုက်ပေမယ့် မျက်စိရှေ့ကလူကတော့လဲသွားတယ်၊တော်တော်လေးမူးနေတာဖြစ်လောက်တယ်။
"မင်း ထနိုင်ရဲ့လား"
လူမှုရေးအရမေးသင့်တယ်ထင်လို့ယွီပင်းမေးလိုက်တယ်။
"ရ..ရတယ်"
ရတယ်သာပြောနေတာ ထနိုင်တဲ့ပုံလည်းသိပ်မပေါ်တာမို့ ယွီပင်းဘဲလက်မောင်းကမ ရင်းထူပေးလိုက်ရတယ်။"ကျေးဇူး"
ကိုယ့်ကိုကျေးဇူးတင်စကားပြောတဲ့လူကိုသေချာကြည့်လိုက်တော့ ကိုယ့်ထက်ငယ်ဦးမယ့်ပုံ၊အလွန်ဆုံးရှိမှ နှစ်ဆယ်ပေါ့။အရပ်ကလည်းကိုယ့်ပုခုံးလောက်ဘဲရှိမယ်။အရပ်ရှိန်ကြောင့်ပါးမို့ လေးတွေနီရဲနေတဲ့ဖြူဖြူပုပု ကောင်လေးက တစ်မျိုးတော့တစ်မျိုးလေးဘဲ။ဘယ်လိုလေးမှန်းတော့မသိဘူး။
ကျေးဇူးတင်ပြောပြီးတာနဲ့ယိုင်တိုင်တိုင်နဲ့toiletထဲတန်းဝင်သွားတဲ့ ကောင်လေးကိုယွီပင်းစိဆ်မချနိုင်စွာ toiletရှေ့မှာစောင့်နေမိတယ်။မတော်လို့ထပ်ချော်လဲနေရင်ဘယ်လိုလုပ်မလဲ။5မိနစ်လောက်ကြာတော့ ဟိုကောင်လေးပြန်ထွက်လာတယ်။ ထင်တဲ့အတိုင်းဘဲ လမ်းတောင်ကောင်းကောင်းလျှောက်နိုင်တဲ့ပုံမပေါ်၊ဘေး နံရံကိုလက်နဲ့ ထောက်ရင်းလျှောက်လာတာကိုကြည့်ရတာ တော်တော်အခြေအနေဆိုးနေတဲ့ပုံဘဲ။"ထင်တယ်။အဲဒါကြောင့် ငါမင်းကိုစောင့်နေတာ၊လာ မင်းဝိုင်းကိုငါပြန်ပို့ပေးမယ်။"
ထိုကောင်လေးရဲ့ ပုခုံးနှစ်ဖက်လုံးကိုထိန်းကိုင်ပေးရင်းတွဲလိုက်ရတယ်။မျက်စိရှေ့က အကောင်ပေါက်ကတော့ အရက်အရှိန်ကြောင့်မှေးနေတဲ့ မျက်လုံးလေးတွေကိုအတင်းပြူးပြဲရင်းပြန်ကြည့်နေလေရဲ့။
"ဟေးးး စစ်ကျွေး၊ဒီဘက်ကိုလာလေ"
ခေါ်သံကြားရာဘက်ကိုယွီပင်းကြည့်လိုက်တော့ သူတို့ကိုလက်ယှက်ခေါ်နေတဲ့ လူတစ်စု။
"အကို ဟိုထောင့်ဝိုင်း"
ရင်ခွင်ထဲကခေါင်းမထောင်နိုင်တဲ့ အကောင်ပေါက်လေးကconfirmပေးလာတာမို့ယွီပင်းလည်းအဲ့ ဝိုင်းကိုဘဲပို့ပေးလိုက်တယ်။
DU LIEST GERADE
How to Bend A Straight😬😉
Fanfiction(Both with Unicode and Zawgyi) Straightတစ်ယောက်ကိုဘယ်လိုကွေးအောင်လုပ်ရမလဲ သင်သိပါသလား? Let's bend together😬😂 Comedy Romanceလေးဘဲ။ Start Date:1.5.2020 (Both with Unicode and Zawgyi) Straightတစ်ယောက်ကိုဘယ်လိုကွေးအောင်လုပ်ရမလဲ သင်သိပါသလား? Let's bend...