🐰Part 7🦁

1.5K 171 43
                                    

Unicode

ဝမ်ရိပေါ်မှန်ထဲမှာပေါ်နေတဲ့ ကိုယ့်ပုံကိုယ်ပြန်ကြည့်ပြီးတော်တော်ကျေနပ်သွားသည်။နည်းနည်းတော့​​ နေရတာအသက်ရှူကျပ်ပေမယ့် ပေါ့။ခါတိုင်းလို T shirtအပွနဲ့ ဂျင်းပြဲမဟုတ်ဘဲ ဝတ်လေ့ဝတ်ထမရှိတဲ့ ကုတ်အကျီအရှည်ကြီးရယ်၊ခဲရောင်လည်ပိတ်ဆွယ်တာရယ်၊ဒီလိုဆိုတော်တော်gentle manဆန်သွား​ လောက်​ပြီ။ပြီး​ တော့ဆံပင်လည်းအ​ ရောင်လည်းပြောင်းထားတယ်၊အနက်​ပြန်ဆိုးပြီးခရမ်းရောင်လိုင်းဖောက်ထားလိုက်တယ်။အရင်ဆံပင်ပုံဆို ကိုကိုကငါ့ကိုက‌လေး မသာလိုဆက်ဆံလို့။အသားအရည်က နဂိုကတည်းကကောင်းပြီးသားဆိုတော့ နို့ရည်ပါးပါးလေးဘဲလိမ်းထားလိုက်တယ်၊ပြီးတော့ အရေးအကြီးဆုံးအနေနဲ့ ​ အမြဲပီကေဝါးထားတယ်၊ခံတွင်းနံရှင်းနေအောင်လေ၊ဘယ်အချိန်ကိုကို့ကိုပေးမိမလဲမသိတဲ့ ကျနော့်ရဲ့ first kissအတွက်။ဟိ ဟိ။

ဒီလောက်ဆိုရင်တော့perfect! မီယန်မာ​ပြည်ကမိန်းက​လေးတွေဆိုဆိုနေတဲ့ နင်မြင်ရင်ကြွေသွားမယ် နင်မြင်ရင်ကြွေသွားမယ် အဲ့သီချင်းတောင်ကောက်ဆိုပြလို့ရပြီ။ဟဲ ဟဲ။

ဝမ်ရိပေါ် အသဲလေးနဲ့မှတ်ထားတဲ့ ကိုကိုဆိုတဲ့contactလေးကိုဖိပြီးဖုန်းခေါ်လိုက်သည်။

"ဟယ်လို ကိုကိုလား"
"...."

"ရုံးဆင်းတော့မှာမလား ကျနော်လာခဲ့မယ်"

"....."

"အင်းလာပြီနော် ခဏစောင့်၊ C U"

ဝမ််ရိပေါ်ခုံပေါ်မှာတင်ထားတဲ့ကားသော့ လေးကို ဆွဲပြီးကိုကိုရှိရာ အချစ်law firmလေးဆီဦးတည်လိုက်တယ်။
ဒီနေ့ ငါလေးကိုကို့ကို ညစာလိုက်ကျွေးမလို့၊ခါတိုင်းလည်း ကြုံရင်ကြုံသလိုကျွေးနေကျဆိုပေမယ့် ဒီနေ့အတွက်တော့specialပေါ့။ဟို​ နေ့ကကိုကို အမှုနိုင်ထားတာကိုဂုဏ်ပြုပေးတဲ့အနေနဲ့။beijingကအကောင်းဆုံးrestaurantတစ်ခုလုံးကိုဒီနေ့ညအတွက်အပြတ်ငှားထားတယ်။
ဇာတ်ကား​တွေထဲမှာမင်းသမီးစားဖို့ မင်းသားကိုယ်တိုင်steakလှီးပေးသလို၊ကျနော်လည်းကိုကို့အတွက်လှီးပေးမယ်။ပြီးတော့ တရုတ်ပြည်မှာနာမည်အကြီးဆုံး bandတစ်ခုကိုလည်းငှားထားသေးတယ်။ပြီးရင် ကျနော်ကိုယ်တိုင်သီချင်းဆိုပြမယ်။
မင်းတို့​ ဖြေကြည့်။အဲ့လောက်ဆိုရင်တော့ ကိုကိုငါ့ကိုကြွေသွားလောက်မှာပါနော်။
ဝမ်ရိပေါ် fighting!

How to Bend A Straight😬😉Where stories live. Discover now