Unicode
မျက်နှာကိုတချက်တချက်လာစင်တဲ့ရေစက်လေးတွေကြောင့် ယွီပင်းbreakfastစားနေရာကနေမော့ကြည့်လိုက်တော့ အမူးသမားလေးက ခေါင်းပါလျှော်လာသည်ထင်ပါရဲ့။ရေစိုလက်စ ဆံပင်တွေကိုသေချာခြောက်အောင်မသုတ်ဘဲ တစ်ချက်နှစ်ချက်သာသုတ်ရင်း towerကိုပုခုံးပေါ်တင်ပြီးထမင်းစားပွဲဝိုင်းမှာလာထိုင်သည်။ယွီပင်းကပြုံးပြလိုက်ပေမယ့် ပြန်ရလိုက်တာက မျက်စောင်းလှလှတစ်ချက်သာ။ဝွန်းး။ဒီ ကောင်လေးချေကိုချေလွန်းတယ်။ဒီလောက်ချေချင်နေရအောင် ငါကမုန့်လေပွေကျနေတာဘဲ။ဟွန့်။
"မားကလည်း သားကိုတောင်မစောင့်ဘူး။စားနေပြီလား"
စကားပြောရင်းကော်ဖီအိုးကို မမီမကန်းလှမ်းယူနေတာမို့
ယွီပင်းကိုယ်တိုင်ယူပြီးငှဲ့ပေးလိုက်သည်။"ဟဲ့ နင့်ဗိုက်နဲ့နင်၊ငါ့ဗိုက်နဲ့ငါလေ၊ဆာရင်အရင်စားမှာပေါ့၊နင့်ဘာသာ နေဖင်ထိုးအောင် အိပ်နေပြီးတော့များ။အခုတောင် သားပင်းပင်းလေးသွားနိုးလို့ထလာတာမလား"
"ဖူးးးး"
သောက်လက်စကော်ဖီတောင်သီးတယ်မားရယ်။သားပင်းပင်းတဲ့လား။"ဘယ်လိုခေါ်လိုက်တယ်မား၊ပင်းပင်း ဘယ်သူကိုလည်း၊ဒီလူ့ကိုလား၊သူ့နာမည်က
ပင်းပင်းဟုတ်လို့လား၊သားတောင်သူ့ကိုမ.......ဝွန့်..""စစ်ကျွေးလေးကလည်း ကော်ဖီတွေဘဲသောက်မနေနဲ့လေ၊မုန့်လည်းစား၊ရော့ ကိုကိုယွီပင်းက ခွံ့ကျွေးမယ်"
ယွီပင်းတစ်ယောက် စစ်ကျွေးပါးစပ်ထဲကိုပေါင်မုန့်တစ်လုံးအမြန်ပစ်သွင်းလိုက်ရသည်။သူ့ကိုမသိဘူးလို့ပြောတော့မလား။စောနကစစ်ကျွေးမာမားကို ကျနော်နဲ့စစ်ကျွေးနဲ့က ငယ်ငယ်တုန်းကကျောင်းတူတူတက်ခဲ့တာ။စီနီယာ ဂျူနီယာတွေအခုမှပြန်တွေ့တာ ဘာညာ ရွှီးထားတာ။အခုတော့
ယွခမကြီးရှေ့မှာဂွမ်းလို့တော့မဖြစ်။"ငါ့ဘာသာ သားချောကိုချစ်စနိုးနဲ့ပင်းပင်းလို့ခေါ်တာလေ။သားချောကနင့်ထက်အများကြီးလိမ္မာတယ်။မနက်က ခြံထဲမှာ အပင်တွေလည်း ရေလောင်းပေးထားတယ်။မနက်စာလည်း ကူပြင်ပေးထားတယ်။နင့်လိုမူးမူးရူးရူးနဲ့သေမနေဘူးလေ"
YOU ARE READING
How to Bend A Straight😬😉
Fanfiction(Both with Unicode and Zawgyi) Straightတစ်ယောက်ကိုဘယ်လိုကွေးအောင်လုပ်ရမလဲ သင်သိပါသလား? Let's bend together😬😂 Comedy Romanceလေးဘဲ။ Start Date:1.5.2020 (Both with Unicode and Zawgyi) Straightတစ်ယောက်ကိုဘယ်လိုကွေးအောင်လုပ်ရမလဲ သင်သိပါသလား? Let's bend...