🐰Part 13🦁

1.4K 147 49
                                    

Unicode

"လန်ကျန့်"
ဝေ့ရင်းရဲ့ ခပ်ဖွဖွခေါ်သံအဆုံးမှာလန်ကျန့် ဗျတ်စောင်းတီးနေရာကနေမော့ကြည့်လာတယ်။
"ဘာပြောချင်လို့လဲ ဝေ့ရင်း၊ပြောလေ ကိုယ်နားထောင်နေတယ်"
ကျောက်စိမ်းတမျှကြည်လင်၊ရေခဲလိုအေးစက်တဲ့လန်ဝမ်ကျီးက ဝေ့ရင်းအတွက်သာဆို အနူးညံ့ဆုံးအပြုံးချိုချိုတွေသာကျဲချတတ်သူ။
"ငါ...ငါပြောချင်တာကလေ၊ဟို...ဟို၊ဟိုဟာလေ...အဲ..အဲတာကလေ နည်းနည်းများ... များ...."
ချစ်ရသူဝေ့ရင်းအတွက်သာဆို၊ကြိမ်ဒဏ်လည်းမမှုသလို ရေခဲဂူထဲမှာဆယ့်သုံးနှစ်ပိတ်ခံရတာတောင်မှ ချစ်မေတ္တာတွေ မလျော့ပါးခဲ့တဲ့လန်ဝမ်ကျီးဟာ ချစ်ရသူဝေ့ရင်းရဲ့မျက်နှာရိပ်၊မျက်နှာကဲကိုလည်းအဖတ်တတ်ဆုံးလူမဟုတ်ပါလား။ဤလူသားမျက်နှာကပြောပြနေတဲ့စကားတွေကို ဖတ်လို့အပြီးမှာတော့ နားလည်ရခက်တဲ့ တခြမ်းရွဲ့ မဲ့ပြုံးကြီးနဲ့အတူ
"မရဘူးဝေ့ရင်း၊အဲဗရီးဒေးအစ်အဲဗရီးဒေးဘဲ၊အခုဘဲ အဲဗရီးဒေးရအောင်!"
.
.
.
.
.
.
.

"မေရီ!"

မျက်မှန်ကြီးတပ်၊နှာခေါင်းမှာဂွမ်းနှစ်ခုစို့ထားရရှာသောမေရီဟာ ရိပေါ်သူ့‌ ရှေ့တည့်တည့်မတ်တပ်ရပ်ခေါ်နေပေမယ့်လည်း
မကြား။လက်ထဲကစာအုပ်ခပ်ထူထူကြီးကိုသာပြူးပြဲဖတ်နေတုန်း။ပါးစပ်ကလည်းကိုက်စရာစောင်မရှိလို့ထင်ပါရဲ့။သူ့လက်သူကိုက်ထားသေး။စာအုပ်ထဲစျာန်ဝင်‌‌နေတဲ့ မေရီဒီလောက်လေသံနဲ့‌ တော့ခေါ်လို့မရမှန်းရိ‌ေပါ်သိလိုက်ပြီ။
"ဘုန်း!!!!မေရီ!!!"

"အမလေး၊ပလုတ်တုတ်၊လန်ကျန့်နဲ့ဝေ့ရင်း အဟု အဟု!!"

ရိပေါ်စားပွဲကိုလက်တစ်ဖက်နဲ့ရိုက်ချပြီးခေါ်လိုက်မှ မေရီအယောင်အမှားမှားနဲ့သူ့လက်ထဲကစာအုပ်ပါပြုတ်ကျသည်။
"ရှင် ၊ရှင်ကလည်း တိုးတိုးခေါ်လည်းရတာဘဲကို၊ကျမမှာလန့်သွားတာဘဲ၊လိပ်ပြာလေးရေ ပြန်လာ ပြန်လာ"

"ငါတိုးတိုး‌ခေါ်တာမင်းမှမကြားဘဲကို"

ဟွန့်၊သူများကောင်းခန်းရောက်နေတာကို feelပျက်အောင်လာလုပ်တဲ့ ဝမ်ရိပေါ်။မေရီ့အကြောင်းသိမယ်။(အဲ့feelingကိုသိလား။ wattpadဖတ်နေတုန်း လူကြီးတွေလှမ်းခေါ်တာခံလိုက်ရတာမျိုး၊blကားကြည့်‌နေတုန်းဘေးကိုရုတ်တရက်လူရောက်လာတာမျိုး🤧)

How to Bend A Straight😬😉Where stories live. Discover now