Unicode
📱ကိုကို ဖိုက်တင်းနော် ကျနော်နောက်ဆုံးအတန်းမှာရှိတယ်❤💚
ဖုန်းထဲဝင်လာတဲ့ messageကြောင့် ရှောင်
ကျန့် သူ့အမှုသည်ရှောင်ချင်းချန်ကို အားပေးစကား ပြောနေရာကနေကောက်ကိုင်ကြည့်လိုက် တော့
ဟိုကောင်လေး ဝမ်ရိပေါ်၊မပြောမဆိုနဲ့ရောက်လာတာဘဲ၊ရှောင်ကျန့်လှမ်းကြည့်လိုက်တော့ လူတွေထိုင်တဲ့နေရာရဲ့ နောက်ဆုံးတန်းထောင့်ခုံကနေ သူ့ကိုလက်ထောင်ပြတဲ့ဝမ်ရိပေါ်၊ရှောင်ကျန့်က ဘာလုပ်ဖို့လာတာလဲဆိုတဲ့ အမေးကို မျက်လုံးကနေတဆင့်လှမ်းမေးလိုက်တော့ ကောင်လေးကwinkလုပ်ပြရင်း ဖုန်းထဲကနေ အသည်းပုံmessageတွေပလူပျံအောင်လှမ်းပို့တယ်။
အဲ့တော့ ရှောင်ကျန်လည်းဘယ်အကြောခံနိုင်ပါ့မလဲ။ဟိုကအသည်းငါးခုပို့ရင် ကိုယ်ကဆယ်ခုလောက်ပြန်ပို့ပစ်လိုက်တယ်။ဟိုကရိုးရိုးkissပုံemojiဆို ကိုယ်ကအသည်းလေးပါအဆစ်ပါတဲ့kissပုံemojiပြန်ပို့လိုက်တယ်။
ရှောင်ကျန့်ဆိုတာ ကိုယ့်ကိုသေးသေးလာတင်ရင်ကိုယ်ကပြန်လုံးကြီးတင်ပစ်မယ်။"အကို တရားသူကြီးလာပြီ"
ဘေးနားက ရှောင်ချင်းချန် လှမ်းသတိပေးမှတော့ ရှောင်ကျန့် တစ်ယောက်ရိပေါ်ကို🤣emojiတွေ အတန်းလိုက်ပြန်ပို့ရင်းဖုန်းကို power offပစ်လိုက်တယ်။
နောက်တော့ တရားသူကြီးကိုနှုတ်ဆက်ရင်းတရားခွင်ကိုစတယ်။တရားလိုရှေ့နေ ဝမ်ဟောက်ရွှမ်းက
ေလျှာက်လဲချက်ကစတင်သွင်းတယ်။
"တရားခံဟာ အခင်းဖြစ်ပွားတဲ့နေ့ည11:24မိနစ်အချိန်က အခင်းဖြစ်ပွားရာနေအိမ်နားမှာတွေ့ရှိခဲ့ကြောင်း မျက်မြင်သက်သေရဲ့စကားအရသိရပါတယ်။ပြီးတော့ သေဆုံးသူ နဲ့တရားခံတို့ဟာ အရင်က deliပို့တဲ့ကိစ္စနဲ့ပတ်သတ်ပြီးအချေအတင်ဖြစ်ဖူးတယ်လို့ပြောတဲ့ မျက်မြင်သက်သေ ငါးယောက်လည်းရှိပါတယ်၊ပြီးတော့ တရားခံdeliပို့နေကျ စက်ဘီးကိုလည်းသေဆုံးသူရဲ့ ခြံအတွင်းမှာသိမ်းဆည်းရမိထားပါတယ်။တရားခံက ပြစ်မှုကျူးလွန်ခဲ့ကြောင်းထင်ရှားတဲ့အတွက် ထောင်ဒဏ် ခုနစ်နှစ်အထိကျခံရနိုင်တဲ့ပုဒ်မ၃၀၂နဲ့ တရားစွဲဆိုပါတယ်။""တရားခံရှေ့နေ ဘာများတင်သွင်းစရာရှိပါသလဲ"
တရားသူကြီးမင်းရဲ့ စကားအဆုံးမှာရှောင်
ကျန့်ကခေါင်းတစ်ချက်ငြိမ့် အရိုအသေပေးရင်း မတ်တပ်ရပ်လိုက်တယ်။
YOU ARE READING
How to Bend A Straight😬😉
Fanfiction(Both with Unicode and Zawgyi) Straightတစ်ယောက်ကိုဘယ်လိုကွေးအောင်လုပ်ရမလဲ သင်သိပါသလား? Let's bend together😬😂 Comedy Romanceလေးဘဲ။ Start Date:1.5.2020 (Both with Unicode and Zawgyi) Straightတစ်ယောက်ကိုဘယ်လိုကွေးအောင်လုပ်ရမလဲ သင်သိပါသလား? Let's bend...