❤ ညီငယ် ❤
- ၂ -
💘 ကျွန်တော့်အပေါ်တွင် အစစအရာရာနားလည်ခွင့်လွှတ်ပေးတတ်သော ညီငယ်သည် ကျွန်တော် က
" ထွက်သွား "
ဟု တစ်ခွန်းပြောလိုက်သောအခါတွင်လည်း ကျွန်တော် စိတ်ရင်းနှင့်ပြောလိုက်ခြင်းဟုတ်မဟုတ် မမေးမြန်းပဲ ကျွန်တော့်ဘေးက ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပေးခဲ့ပြန်ပါသည် 💘
၁.
ကျွန်တော် ကန်ဘောင်ပေါ်မှပြန်ဆင်းလာသောအခါ မိုးသည် သိသိသာသာ ပြန်သည်းစပြုနေပြီဖြစ်သည် ။ ကန်ဘောင်အနီးတွင် လူကူးမျဉ်းကြားနှင့် မီးပွိုင့်ရှိသောကြောင့် ကျွန်တော် ထီးမဆောင်းတော့ပဲ ထိုနေရာဆီသို့ ခပ်သွက်သွက် လျှောက်လာခဲ့လိုက်သည် ။ ကျွန်တော် ထိုနေရာသို့ရောက်သည်နှင့် လူကူးမျဉ်းကြား မီးစိမ်းသည်နှင့် အတူတူဖြစ်သွားသောကြောင့် မျဉ်းကြားကို ခပ်သွက်သွက်ဖြတ်ကူးလိုက်သည် ။ လမ်းကူးပြီး တစ်ဖက်လမ်းပလက်ဖောင်းပေါ်သို့အရောက်တွင် ထိုလမ်းမကြီးပေါ်တက်ရန် မီးပွိုင့်စောင့်နေသောကားတစ်စီးကို အမှတ်မထင် တွေ့လိုက်သည် ။ ထို့အတူ ကားထဲတွင်ထိုင်နေသောလူကိုပါ တစ်ဆက်ထဲ တွေ့လိုက်ရသည် ။
ညီငယ် …
သည်နေ့တစ်နေ့လုံး ကျွန်တော် ရူးမတက်တွေ့ချင်ခဲ့သောညီငယ်သည် ရန်ကုန်တွင် အထက်တန်းစားလူအချို့သာစီးနိုင်သည့် ကားပေါ်တွင်ထိုင်ကာ မီးပွိုင့်စောင့်ရင်း မျက်နှာချင်းဆိုင်တွင်ရှိသော အင်းယားကန်ဘောင်ကို ငေးနေသည် ။ ညီငယ်သည်လဲ ကျွန်တော် သတိရနေသလို ကျွန်တော့်ကို သတိရနေသည်လား ။
၂.
ညီငယ် သည် နားလည်ရအလွန်ခက်သူဖြစ်သည် ။ ကျွန်တော်က ညီငယ့်အပေါ်ပွင့်လင်းသလောက် ညီငယ် က ကျွန်တော့်အပေါ်တွင် လျှိ့ဝှက်လွန်းသည် ။
" ခင်ဗျားလက်ဝှေ့ပွဲတွေကြိုက်လား "
ကျွန်တော် နှင့် ညီငယ် ဒုတိယအကြိမ်ပြန်တွေ့စဉ်က ညီငယ် သည် ကျွန်တော့်အား ထိုမေးခွန်းကို ခပ်တိုးတိုးမေးခဲ့သည် ။ ညီငယ့်မေးခွန်းကို အဖြေအစား ကျွန်တော်
YOU ARE READING
ညီငယ္ / ညီငယ် (15)
Romanceဒုတိယမြောက်ရေးထားတဲ့ဇာတ်လမ်းပါ ဒုတိယမြောက်ရေးထားတဲ့ဇာတ်လမ်းပါ