152 5 0
                                        

❤ ညီငယ် ❤

- ၄ -

💘 ကျွန်တော် တောင်းပန်တိုလျှိးသည့်လေသံဖြင့် ညီငယ့်ကိုပြောလိုက်သောအခါ ညီငယ် က ခပ်မဲ့မဲ့ပြုံးပြီး

" နောက်ကျသွားပြီ ဦးတရဲ့ … အရာအားလုံးနောက်ကျကုန်ပြီ "

ဟု ပြောသည် 💘

၁ ။

ခေါင်းကမခံမရပ်နိုင်လောက်အောင် တဒိန်းဒိန်းကိုက်နေသဖြင့် ကျွန်တော် အိပ်ပျော်နေရာမှ နိုးလာခဲ့သည် ။ ကုတင်ပေါ်တွင် ငုတ်တုတ်ထထိုင်ကာ ဘေးဘီဝဲယာသို့ ကြည့်လိုက်သောအခါ ဟိုတယ်အပြင်အဆင်များကို တွေ့လိုက်ရသဖြင့် ကျွန်တော် ဟိုတယ်သို့ရောက်နေမှန်း သိလိုက်ရသည် ။ ညက ညီငယ်နှင့်တွေ့ခဲ့သည်ကို ရုတ်တရက်သတိရသွားသဖြင့် ညီငယ့်ကိုရှာရန် ကုတင်ပေါ်မှ ဆင်းလိုက်သည် ။ ထိုစဉ်

" room service "

ဟူသောအသံနှင့်အတူ တံခါးခေါက်သံက ထွက်လာသည် ။ ကျွန်တော် အခန်းတံခါးကိုဖွင့်ပေးလိုက်သောအခါ ဝန်ထမ်းကောင်လေးက ကျွန်တော့်ကိုပြုံးပြပြီး

" မင်္ဂလာမနက်ခင်းပါ အစ်ကို "

ဟု နှုတ်ဆက်သည် ။ ထို့ကြောင့် ကျွန်တော် ပြန်ပြုံးပြလိုက်ပြီး

" မင်္ဂလာမနက်ခင်းပါ … ဒါနဲ့ မနေ့ညကကျွန်တော်ဒီကိုဘယ်လိုရောက်လာလဲသိလားဗျ "

ဟု မေးလိုက်သည် ။ ကျွန်တော့်မေးခွန်းအဆုံးတွင် ဝန်ထမ်းကောင်လေးက ခေါင်းညိတ်ပြပြီး

" တက္ကစီနဲ့ရောက်လာတာပါ "

ဟု ပြန်ဖြေသည် ။

" ကျွန်တော်နဲ့အတူတူလူတစ်ယောက်ပါလာသေးလား "

ကျွန်တော် သိချင်စိတ်ပြင်းပြစွာဖြင့်မေးလိုက်သောအခါ ဝန်ထမ်းကောင်လေးက ခေါင်းခါ၍

" အစ်ကိုတစ်ယောက်ထဲရောက်လာတာပါ "

ဟု ပြန်ဖြေသည် ။ ထိုစကားကိုကြားလိုက်ရသောအခါ ကျွန်တော် စိတ်ပျက်စွာဖြင့် ကုတင်ပေါ်တွင် ထိုင်ချလိုက်မိသည် ။

၂ ။

" ဆရာ … ပြင်ဦးလွင်စံအိမ်ကဖုန်းဆက်တယ် … ဘယ်တော့လောက်ပြန်လာမလဲတဲ့ "

ညီငယ္ / ညီငယ် (15)Место, где живут истории. Откройте их для себя