130 4 0
                                    

❤ ညီငယ် ❤

- ၆ -

💘 ကားပါကင်တွင်ကားရပ်လိုက်သည်နှင့် အပြင်ဘက်ပန်းခြံတွင်ထိုင်ကာ အလှလုပ်ထားသည့်ရေပန်းကို ငေးကြည့်နေသော ညီငယ့် ကို တွေ့လိုက်ရသဖြင့် ကျွန်တော် နာကျင်မှုဝေဒနာများအားလုံးပျောက်ကာ ကျွန်တော့်ဘေးတွင် လူပါလာသည်ကိုပင် သတိမထားမိတော့ပဲ ပြုံးလိုက်မိသည် 💘

(၁)

ကျွန်တော် ပြည်သို့ ရောက်နေသည်မှာ ယနေ့နှင့်ဆို ငါးရက်ရှိနေပြီဖြစ်သည် ။ အလုပ်စဝင်စဉ်က  သုံးရက်သာကြာမည်ဟုပြောထားသော်လည်း ငါးရက်ကြာသည်အထိ အလုပ်ကိစ္စများကမပြတ်သေးသဖြင့် ကျွန်တော် စိတ်ညစ်လာရသည် ။ သည်အချိန်ဆို ညီငယ် ကျွန်တော့်ကိုစိတ်ပူနေလောက်ပြီဖြစ်သည် ။ ကျွန်တော့်ဖုန်းတစ်လုံးမှလွဲ၍ ညီငယ့်တွင်ရော အိမ်တွင်ပါ ဖုန်းမရှိ ။ ထို့ကြောင့် ကျွန်တော် ပြန်မလာဖြစ်သေးသည့်အကြောင်း ညီငယ့်ကို ဆက်သွယ်၍မရ ။ ကျွန်တော် စိတ်ညစ်ညစ်နှင့် ဆိုက်ထဲတွင် ဟိုလျှောက်စစ် သည်လျှောက်စစ်လုပ်နေစဉ် အလုပ်သမားခေါင်းဆောင်ဖြစ်သူ အေးမောင် က ကျွန်တော့်အနားပြေးလာပြီး

" အစ်ကို … ဧည့်သည်ရောက်နေတယ် "

ဟု ပြောသည် ။

" ဧည့်သည် "

အေးမောင် ၏ စကားကိုကြားသောအခါ ကျွန်တော် အံ့သြသွားရသည် ။ ဤမြို့တွင် ကျွန်တော့်ကိုသိပြီး ကျွန်တော်နှင့်ရင်းနှီးသူမရှိ ။ ထို့ကြောင့် အေးမောင် ကို

" ဒီမြို့မှာငါနဲ့သိတဲ့လူမရှိပါဘူး … မင်းလူမှားတာထင်တယ် "

ဟု ပြောလိုက်သည် ။ သို့သော် အေးမောင် က

" မဟုတ်ဘူး အစ်ကို … သူကအစ်ကို့နာမည်ကိုသေချာပြောလိုက်တာ ဦးသင်္ကေတတဲ့ "

ဟု ပြောသည် ။ ထို့ကြောင့် ကျွန်တော် သေချာစေရန် အေးမောင် အနောက်သို့ လိုက်လာခဲ့လိုက်သည် ။

(၂)

" ဟိုမှာ အစ်ကို "

အေးမောင် ပြသည့်နေရာသို့ ကျွန်တော် ကြည့်လိုက်သောအခါ ကျွန်တော့်ကိုကျောပေး၍ ကျွန်တော်တို့ဆိုက်ထဲရှိ ဆောက်လက်စတိုက်ကို ကြည့်နေသည့်လူတစ်ယောက်ကို တွေ့ရသည် ။ နေရောင်ကိုမျက်နှာမူနေရသောကြောင့် ထိုလူမည်သူမှန်း ကျွန်တော် မသိ ။ ခန္ဓာကိုယ်အရွယ်အစားမှာ ညီငယ့်ခန္ဓာကိုယ်နှင့် မတိမ်းမယိမ်းလောက်သာရှိသဖြင့် ညီငယ် ဟု ကျွန်တော် ထင်လိုက်မိသည် ။ သို့သော် မဖြစ်နိုင် ။ ညီငယ့်ကိုကျွန်တော် ပြည်သို့သွားရမည်ဟုသာ ပြောခဲ့သည် ။ ကျွန်တော့်အလုပ်နှင့်ပတ်သတ်သည့် အခြားကိစ္စများကို မပြောပြခဲ့ ။ ထို့ကြောင့် ညီငယ် ဖြစ်နိုင်သည်ဟူသော ကျွန်တော့်ထင်မြင်ချက်ကို ဘေးဖယ်လိုက်ကာ ထိုလူ့အား

ညီငယ္ / ညီငယ် (15)Onde histórias criam vida. Descubra agora