116 3 0
                                    

❤ ညီငယ် ❤

- ၇ -

💘 သီရိ စကားအဆုံးတွင် ကျွန်တော် ညီငယ့်ကို အားနာစွာလှည့်ကြည့်လိုက်သည် ။ ကျွန်တော့်ကိုပြန်ကြည့်သော ညီငယ့်မျက်လုံးများထဲတွင် နာကျင်အားငယ်ရိပ်များလွှမ်းနေသည်ကိုတွေ့လိုက်ရသဖြင့် ကျွန်တော် လန့်သွားသည် 💘

(၁)

စားပွဲခုံပေါ်တွင်တင်ထားသော ဖုန်းက အဆက်မပြတ်မြည်နေသောကြောင့် ကျွန်တော် အိပ်ပျော်နေရာမှ နိုးလာသည် ။ ညီငယ်ရှိနေမည့်နေရာသို့ လက်ဖြင့်စမ်းကြည့်လိုက်သောအခါ ညီငယ် က ရှိမနေ ။ မျက်လုံးဖွင့်ကြည့်ပြီး ဘေးဘီဝဲယာသို့ကြည့်လိုက်မှ ညကပုံစံအတိုင်း ကျွန်တော့်ဘေးတွင် ငုတ်တုတ်အိပ်ပျော်နေသော ညီငယ့် ကို တွေ့ရသည် ။

" ဒီကောင်လေးကတော့ဇက်တွေနာတော့မှာပဲ "

ကျွန်တော် စိတ်ထဲကတွေးရင်း လှဲနေရာမှထကာ ကျွန်တော့်ခေါင်းအုံးကို ညီငယ့်ခေါင်းအောက်တွင် အသာခုပေးလိုက်သည် ။ သို့သော် လက်တစ်ဖက်ထဲဖြစ်သောကြောင့် လွယ်လွယ်နှင့်မရ ။ ငါးမိနစ်နီးပါးအချိန်ပေးပြီးသောအခါမှရသည် ။ ကျွန်တော် ညီငယ့်ကိုကျော်၍ ကုတင်ပေါ်မှဆင်းရန် ဟန်ပြင်ရုံသာရှိသေးသည် ။

" မေမေ "

ဟု ခပ်တိုးတိုးခေါ်လိုက်သော ညီငယ့်အသံကိုကြားလိုက်ရသောကြောင့် ခြေလှမ်းများတံ့သွားရသည် ။

" အိပ်မက်ယောင်နေတာထင်တယ် "

ကျွန်တော် စိတ်ထဲကတွေးပြီး ညီငယ့်နဖူးကို ခပ်ဖွဖွနမ်းလိုက်သည် ။ ထိုစဉ် ပိတ်ထားသော ညီငယ့်မျက်လုံးများက ဖျက်ကနဲပွင့်လာသည် ။ ကျွန်တော့်ကိုမြင်သောအခါ ပြုံးပြီး

" ဦးတ … နိုးနေပြီလား … လက်ကနာနေသေးလား "

ဟု မေးသည် ။ ညီငယ့်မေးခွန်းကို ကျွန်တော်

" အင်း ညကလောက်မနာတော့ဘူး … သက်သာသွားပြီ "

ဟု ပြန်ဖြေလိုက်သည် ။ ကျွန်တော့်မေးခွန်းအဆုံးတွင် ညီငယ် က ကုတင်ပေါ်မှဆင်းလိုက်ပြီး

" အင်း … အဲ့ဒါဆို မျက်နှာသစ်တော့ … ကျွန်တော် လုပ်ပေးမယ် "

ဟု ပြောကာ ရေချိုးခန်းထဲဝင်သွားသည် ။

ညီငယ္ / ညီငယ် (15)Onde histórias criam vida. Descubra agora