❤ ညီငယ် ❤
- ၈ -
💘 ပထမအကြိမ် ဦးတ ထားခဲ့တော့လည်း ဦးတ ထားခဲ့တဲ့နေရာမှာ ကျွန်တော် နေခဲ့တယ် … ဦးတ ဒုတိယတစ်ကြိမ် ကျွန်တော့်ဆီပြန်လာတော့လဲ ကျွန်တော် ဦးတ ဆီ ပြန်လာခဲ့တယ် … ဦးတ က ဒုတိယအကြိမ်ထားခဲ့ရင်လဲ ကျွန်တော် ဘာမှမပြောပဲ ထားခဲ့တဲ့နေရာမှာ ငြိမ်ငြိမ်လေးကျန်ခဲ့မှာ … ဦးတ နောက်တစ်ခေါက် ထပ်ပြန်လာရင်လဲ ကျွန်တော် က အမှတ်မရှိကြိုဆိုအုံးမှာ 💘
(၁)
လမ်းတစ်လျှောက်လုံး ညီငယ် က ဘာစကားမှမပြောပဲ တိတ်ဆိတ်နေသဖြင့် ကျွန်တော်ကပင်
" ညီငယ် "
ဟု ခေါ်ကာ
" ကိုယ့်ကိုစိတ်ဆိုးနေတာလား "
ဟူ၍ မေးလိုက်သည် ။ ကျွန်တော့်စကားကိုကြားသောအခါ ညီငယ် က ခပ်နွမ်းနွမ်းပြုံး၍
" ဦးတကိုစိတ်ဆိုးဖို့ကျွန်တော့်မှာအခွင့်အရေးရှိလို့လား "
ဟု မေးသည် ။
" ညီငယ် "
ကျွန်တော် အထိတ်တလန့်ဖြင့် ညီငယ့်နာမည်ကို ခေါ်လိုက်သည် ။ ညီငယ် က ကျွန်တော့်ကိုပြုံးပြ၍
" ပထမအကြိမ် ဦးတ ထားခဲ့တော့လည်း ဦးတ ထားခဲ့တဲ့နေရာမှာ ကျွန်တော် နေခဲ့တယ် … ဦးတ ဒုတိယတစ်ကြိမ် ကျွန်တော့်ဆီပြန်လာတော့လဲ ကျွန်တော် ဦးတ ဆီ ပြန်လာခဲ့တယ် … ဦးတ က ဒုတိယအကြိမ်ထားခဲ့ရင်လဲ ကျွန်တော် ဘာမှမပြောပဲ ထားခဲ့တဲ့နေရာမှာ ငြိမ်ငြိမ်လေးကျန်ခဲ့မှာ … ဦးတ နောက်တစ်ခေါက် ထပ်ပြန်လာရင်လဲ ကျွန်တော် က အမှတ်မရှိကြိုဆိုအုံးမှာ "
ဟု ပြောသည် ။ ညီငယ့်စကားအဆုံးတွင် ကျွန်တော် ညီငယ့်မျက်နှာကို ကျွန်တော် နှင့် မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲမော့လိုက်ပြီး
" ကိုယ့်ကိုကြည့် ညီငယ် "
ဟု ပြောလိုက်သည် ။ ထို့နောက်
" ကိုယ် မင်းကိုချစ်တယ်ဆိုတာ မင်းကိုမိန်းကလေးလိုမှတ်ပြီးချစ်ခဲ့တာမဟုတ်ဘူး … မင်းရဲ့ဖြစ်တည်မှုကိုချစ်တာ … ကောင်းဆက်သွင် ဆိုတဲ့ မင်းကိုချစ်တာ … မင်းကမိန်းကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ် ကိုယ်မင်းကိုချစ်တဲ့အချစ်က ပြောင်းလဲသွားမှာမဟုတ်ဘူး … မင်းကိုကိုယ်ထားသွားခဲ့တဲ့အတွက်လဲ ကိုယ်တောင်းပန်ပါတယ် … ဒါပေမဲ့ ကိုယ်မင်းနဲ့ပတ်သတ်ပြီးမှားတဲ့အမှားက အဲ့ဒီအမှားတစ်ခုထဲပဲရှိစေချင်တယ် … မင်းစိုးရိမ်နေသလို ကိုယ်မင်းကိုနောက်ထပ်ထားခဲ့မှာမဟုတ်ဘူး … အဲ့ဒီတော့ ကိုယ့်ကိုစိတ်ချပါ "
BẠN ĐANG ĐỌC
ညီငယ္ / ညီငယ် (15)
Lãng mạnဒုတိယမြောက်ရေးထားတဲ့ဇာတ်လမ်းပါ ဒုတိယမြောက်ရေးထားတဲ့ဇာတ်လမ်းပါ