၁၂

104 6 3
                                    

❣️ ညီငယ် ❣️

- ၁၂ -

😭 ဒီနှစ်တွေမှာ ကိုယ်မင်းကိုချစ်ခဲ့တယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်ခဲ့မိတဲ့အတွက် ကိုယ်တောင်းပန်ပါတယ် 😭

(၁)

ညီငယ် က ကျွန်တော့်ကို မျက်နှာချင်းမဆိုင်ပဲ အိမ်ထဲဝင်သွားသောကြောင့် ကျွန်တော်လဲ ညီငယ့်အနောက်မှ လိုက်လာခဲ့လိုက်သည် ။ အိမ်ရှေ့တွင် ညီငယ့်ကိုမတွေ့သဖြင့် မီးဖိုချောင်ထဲ ဝင်လာခဲ့လိုက်သည် ။ ညီငယ် က အပေါက်ဝကိုကျောပေး၍ ထမင်းစားပွဲကို မျက်နှာမူကာ မတ်တပ်ရပ်နေသည် ။ မတ်တပ်ရပ်နေသော ညီငယ့်ကျောပြင်သည် တသိမ့်သိမ့်တုန်နေသဖြင့် ငိုနေခြင်းဖြစ်ကြောင်း သိနိုင်သည် ။ ထို့ကြောင့် ကျွန်တော် သက်ပြင်းငွေ့ငွေ့ချ၍ ညီငယ့်အနားသို့ လျှောက်သွားကာ ညီငယ့်ကို အနောက်မှ သိုင်းဖက်လိုက်သည် ။ ထိုအခါ ညီငယ်က အံ့သြသွားဟန်ဖြင့် ကျွန်တော့်ကို စောင်း၍ လှည့်ကြည့်သည် ။

" ကိုယ်တောင်းပန်ပါတယ် "

ကျွန်တော် ထိုစကားကို တိုးတိုးပြောလိုက်သောအခါ ညီငယ် က ကျွန်တော့်လက်ကို ခပ်ဖွဖွဆွဲဖြုတ်ပြီး ကျွန်တော်နှင့် မျက်နှာချင်းဆိုင်တွင်ရပ်ကာ

" ကျွန်တော် သိပါတယ် "

ဟု ပြောသည် ။

(၂)

" ညီငယ်ပြောတဲ့ ကျွန်တော် သိပါတယ် ဆိုတာ ဘာကိုပြောတာလဲ "

ကျွန်တော် နားမလည်စွာဖြင့် ညီငယ့်ကိုမေးလိုက်သောအခါ ညီငယ်က ပြုံးပြီး

" ဦးတ ကျွန်တော့်ကိုမြင်ပြီး စိတ်မကောင်းဖြစ်နေတယ်ဆိုတာ ကျွန်တော်သိပါတယ်လို့ "

ဟု ပြန်ဖြေသည် ။

" ဘာကိုမြင်တာလဲ "

ကျွန်တော် နားမလည်စွာ နောက်တစ်ကြိမ်ထပ်မေးလိုက်သည် ။

" မနေ့က ... ဦးတ ကျွန်တော့်ကိုတွေ့သလို ကျွန်တော် လဲ ဦးတ ကို တွေ့ပါတယ် "

ညီငယ် ၏ ထိုစကားအဆုံးတွင် ကျွန်တော် ပါးစပ်အဟောင်းသားဖြစ်သွားသည် ။

" တွေ့ရက်နဲ့ဘာဖြစ်လို့မခေါ်လဲ "

ကျွန်တော် ဆူအောင့်၍ နောက်တစ်ခေါက်ထပ်မေးလိုက်သောအခါ ညီငယ် က ဖွဖွပြုံးပြီး

ညီငယ္ / ညီငယ် (15)Wo Geschichten leben. Entdecke jetzt