❤ ညီငယ် ❤
- ၃ -
💘 ကျွန်တော် ရူးမတက်တွေ့ချင်ခဲ့သော ညီငယ်သည် ကျွန်တော် နှင့် မျက်စောင်းထိုးစားပွဲတွင်ထိုင်ကာ ကောင်မလေးတစ်ယောက်၏ပုခုံးကိုဖက်လျက် အရက်တစ်ခွက်ကိုသောက်ရင်း စိတ်လွတ်ကိုယ်လွတ် ရယ်မောနေသည် ။ ထိုမြင်ကွင်းသည် ညီငယ့်ဆီသွားရန် ဟန်ပြင်နေသော ကျွန်တော့်ခြေလှမ်းများကို ရပ်တံ့သွားစေခဲ့သည် 💘
၁ ။ ။
ကျွန်တော် အခန်းတံခါးကိုအသာဖွင့်၍ အခန်းထဲသို့ဝင်လာသောအခါ ကုတင်ပေါ်တွင်ထိုင်ကာ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ငေးနေသော ညီငယ့် ကို တွေ့ရသည် ။
" ကောင်းကောင်း … မင်းဒီနေ့ဆေးရုံဆင်းရမှာနော် မပြင်ဆင်သေးဘူးလား "
ကျွန်တော် မေးရင်းနှင့် သိမ်းစရာရှိသည့်ပစ္စည်းအနည်းငယ်ကို သိမ်းလိုက်သည် ။ ထိုအခါ ညီငယ် က
" ဦးလေးကြီး … ကျွန်တော့်နာမည် ကောင်းကောင်း မဟုတ်ဘူး … ကောင်းဆက်သွင် … ကောင်းကောင်း လို့ မခေါ်နဲ့ … မုန်းတယ် "
ဟု ပြောသည် ။
" အေးပါကွာ … မခေါ်နဲ့ဆိုမခေါ်ဘူး … ကောင်း လို့ ခေါ်မယ် … အိုကေလား "
ကျွန်တော့်စကားအဆုံးတွင် ညီငယ် က
" နွားလား "
ဟု မေးပြီး ရယ်သည် ။ ညီငယ်ဆေးရုံတက်နေရသည့်ငါးရက်အတွင်း သည်တစ်ကြိမ်သာ ညီငယ် ရယ်သည်ကို မြင်ရသေးသဖြင့် ကျွန်တော် ပြုံးလိုက်မိသည် ။ ထိုစဉ် ညီငယ် က
" ဦးလေးကြီး … ကျွန်တော် ဆေးရုံကဆင်းရင် ပြန်စရာအိမ်မရှိဘူး "
ဟု ပြောသည် ။ ညီငယ့်စကားကြောင့် ကျွန်တော် စိတ်မကောင်းဖြစ်သွားရသည် ။
" ကိုယ့်အိမ်မှာ လိုက်နေလေ "
ကျွန်တော် ကိုယ့်ကိုယ်ကိုယ်သတိမထားမိသေးခင်မှာပင် ထိုစကားစုက ပါးစပ်ထဲမှ လွှတ်ကနဲထွက်သွားသည် ။ ကျွန်တော့်စကားကိုကြားသောအခါ ညီငယ့်မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်ပေါက်လာသည် ။
" တကယ်လိုက်နေရမှာလား "
အတော်ဝမ်းသာနေပုံရသော ညီငယ့်ကိုကြည့်ကာ ကျွန်တော်
ESTÁS LEYENDO
ညီငယ္ / ညီငယ် (15)
Romanceဒုတိယမြောက်ရေးထားတဲ့ဇာတ်လမ်းပါ ဒုတိယမြောက်ရေးထားတဲ့ဇာတ်လမ်းပါ