၁၁

99 4 0
                                    

❣️ ညီငယ် ❣️

- ၁၁ -

🎃 စားပွဲခုံပေါ်တွင်တင်ထားသော ကျွန်တော့်အကြိုက် cheese cake နှင့် ကျွန်တော့်မွေးနေ့တိုင်း ညီငယ်လုပ်ပေးနေကျဖြစ်သည့် သက်ရှည်ခေါက်ဆွဲပန်းကန်ကို တွေ့သောအခါ ကျွန်တော် ပါးစပ်အဟောင်းသားဖြစ်သွားသည် ။ ရေခဲသေတ္တာကို အပြေးအလွှားဖွင့်ကြည့်လိုက်သောအခါ ကျွန်တော့်အကြိုက်ဝိုင်ပုလင်းက ရေဘူးများကြားတွင် နေရာယူထားသည် ။ ထမင်းစားပွဲပေါ်ရှိ ပန်းအိုးထဲတွင်ထည့်ထားသော ကာနေးရှင်းပန်းအဖြူရောင်လေးများက ကျွန်တော့်ကို လှောင်နေကြသလို ။

" သင်္ကေတ .... မင်းရူးသွားပြီ .. တကယ်ကို ရူးသွားပြီ " 🎃

(၁)

" ဦး "

ကျွန်တော် အလုပ်သွားရန်ပြင်နေစဥ် ညီငယ် က အခန်းဝတွင်ပေါ်လာပြီး ကျွန်တော့်ကိုလှမ်းခေါ်သဖြင့် ကျွန်တော် ညီငယ့်ကို လှည့်ကြည့်လိုက်သည် ။ ညီငယ် က ပြုံးပြီး

" ဟက်ပီးဘတ်ဒေး "

ဟု ​ပြောသောအခါမှ ကျွန်တော် ကိုယ့်မွေးနေ့ကိုယ်သတိရသည် ။

" ဟုတ်သားပဲ .. ကိုယ်မေ့နေတာ "

ကျွန်တော့်စကားအဆုံးတွင် ညီငယ် က ရယ်ကြဲကြဲဖြင့်

" ထင်ပါတယ် "

ဟု ပြောသည် ။ ထို့နောက် ကျွန်တော် ရှိရာဆီလျှောက်လာပြီး

" ညနေ စောစောပြန်လာလို့ရရင် ပြန်လာခဲ့ .. ဘတ်ဒေးပါတီလုပ်ကြမယ် "

ဟု ပြောသည် ။ ညီငယ့်စကားအဆုံးတွင် ကျွန်တော် ခေါင်းညိတ်လိုက်ပြီး

" အိုကေ "

ဟု ပြောလိုက်သည် ။

(၂)

ကျွန်တော် ဆိုက်ထဲရောက်တိုင်း သီရိ​၏အလိုက်မသိမှုကြောင့် အမြဲစိတ်ညစ်ရသော်လည်း ယနေ့တွင်မူ စိတ်မညစ်ဖြစ်ပဲ ပျော်နေမိသည် ။ ညီငယ်ပြင်ဆင်ထားမည့် ပါတီအကြောင်းတွေးမိရင်း စိတ်လှုပ်ရှားကာ ညနေမြန်မြန်ရောက်ချင်နေမိသည် ။ ကျွန်တော် ကိုယ့်အတွေးနှင့်ကိုယ် ပျော်နေစဥ် သီရိ က ကျွန်တော့်အနားသို့ရောက်လာပြီး

ညီငယ္ / ညီငယ် (15)Donde viven las historias. Descúbrelo ahora