၈.

8 0 0
                                    

❤ ညီငယ် ❤

- ၈ -

💘 ပထမအကြိမ် ဦးတ ထားခဲ့တော့လည်း ဦးတ ထားခဲ့တဲ့နေရာမှာ ကျွန်တော် နေခဲ့တယ် … ဦးတ ဒုတိယတစ်ကြိမ် ကျွန်တော့်ဆီပြန်လာတော့လဲ ကျွန်တော် ဦးတ ဆီ ပြန်လာခဲ့တယ် … ဦးတ က ဒုတိယအကြိမ်ထားခဲ့ရင်လဲ ကျွန်တော် ဘာမှမပြောပဲ ထားခဲ့တဲ့နေရာမှာ ငြိမ်ငြိမ်လေးကျန်ခဲ့မှာ … ဦးတ နောက်တစ်ခေါက် ထပ်ပြန်လာရင်လဲ ကျွန်တော် က အမှတ်မရှိကြိုဆိုအုံးမှာ 💘

(၁)

လမ်းတစ်လျှောက်လုံး ညီငယ် က ဘာစကားမှမပြောပဲ တိတ်ဆိတ်နေသဖြင့် ကျွန်တော်ကပင်

" ညီငယ် "

ဟု ခေါ်ကာ

" ကိုယ့်ကိုစိတ်ဆိုးနေတာလား "

ဟူ၍ မေးလိုက်သည် ။ ကျွန်တော့်စကားကိုကြားသောအခါ ညီငယ် က ခပ်နွမ်းနွမ်းပြုံး၍

" ဦးတကိုစိတ်ဆိုးဖို့ကျွန်တော့်မှာအခွင့်အရေးရှိလို့လား "

ဟု မေးသည် ။

" ညီငယ် "

ကျွန်တော် အထိတ်တလန့်ဖြင့် ညီငယ့်နာမည်ကို ခေါ်လိုက်သည် ။ ညီငယ် က ကျွန်တော့်ကိုပြုံးပြ၍

" ပထမအကြိမ် ဦးတ ထားခဲ့တော့လည်း ဦးတ ထားခဲ့တဲ့နေရာမှာ ကျွန်တော် နေခဲ့တယ် … ဦးတ ဒုတိယတစ်ကြိမ် ကျွန်တော့်ဆီပြန်လာတော့လဲ ကျွန်တော် ဦးတ ဆီ ပြန်လာခဲ့တယ် … ဦးတ က ဒုတိယအကြိမ်ထားခဲ့ရင်လဲ ကျွန်တော် ဘာမှမပြောပဲ ထားခဲ့တဲ့နေရာမှာ ငြိမ်ငြိမ်လေးကျန်ခဲ့မှာ … ဦးတ နောက်တစ်ခေါက် ထပ်ပြန်လာရင်လဲ ကျွန်တော် က အမှတ်မရှိကြိုဆိုအုံးမှာ "

ဟု ပြောသည် ။ ညီငယ့်စကားအဆုံးတွင် ကျွန်တော် ညီငယ့်မျက်နှာကို ကျွန်တော် နှင့် မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲမော့လိုက်ပြီး

" ကိုယ့်ကိုကြည့် ညီငယ် "

ဟု ပြောလိုက်သည် ။ ထို့နောက်

" ကိုယ် မင်းကိုချစ်တယ်ဆိုတာ မင်းကိုမိန်းကလေးလိုမှတ်ပြီးချစ်ခဲ့တာမဟုတ်ဘူး … မင်းရဲ့ဖြစ်တည်မှုကိုချစ်တာ … ကောင်းဆက်သွင် ဆိုတဲ့ မင်းကိုချစ်တာ … မင်းကမိန်းကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ် ကိုယ်မင်းကိုချစ်တဲ့အချစ်က ပြောင်းလဲသွားမှာမဟုတ်ဘူး … မင်းကိုကိုယ်ထားသွားခဲ့တဲ့အတွက်လဲ ကိုယ်တောင်းပန်ပါတယ် … ဒါပေမဲ့ ကိုယ်မင်းနဲ့ပတ်သတ်ပြီးမှားတဲ့အမှားက အဲ့ဒီအမှားတစ်ခုထဲပဲရှိစေချင်တယ် … မင်းစိုးရိမ်နေသလို ကိုယ်မင်းကိုနောက်ထပ်ထားခဲ့မှာမဟုတ်ဘူး … အဲ့ဒီတော့ ကိုယ့်ကိုစိတ်ချပါ "

ညီငယ် / ညီငယ် (15)Donde viven las historias. Descúbrelo ahora