104 3 0
                                    

❣️ ညီငယ် ❣️

- ၉ -

🍄 မင်းသာလိုချင်တယ်ဆို ရာဇဝင်ထဲက သူရဲကောင်းလို ကိုယ့်ဗိုက်ကိုခွဲပြီး ကိုယ့်အူကိုဆွဲထုတ်ပြဖို့လဲ ဝန်မလေးဘူး 🍄

(၁)

" သန့်စင်ခန်းသွားအုံးမယ် "

ဟု ဆိုကာ နေရာမှထွက်သွားသော ညီငယ်သည် အချိန် ဆယ့်ငါးမိနစ်ကျော်ကြာသည်အထိ ပြန်ရောက်မလာ ။ ကျွန်တော် သီရိ နှင့် စကားပြောနေသော်လည်း စိတ်က ညီငယ့်ထံတွင်သာ ရှိနေသည် ။ သီရိကလဲ မူပျက်နေသော ကျွန်တော့်ကို ရိပ်မိဟန်တူသည် ။

" ကိုသင်္ကေတညီလေး က ညီမ ကို သဘောမကျဘူးထင်တယ် ... ညီမ ပြန်နှင့်လိုက်တော့မယ် "

ဟု ပြောကာ ပိုက်ဆံရှင်းပြီး ဆိုင်ထဲမှထွက်သွားသည် ။ သီရိ ထွက်သွားသောအခါမှ ကျွန်တော် သန့်စင်ခန်းဘက်ပြေးကာ ညီငယ့်ကို ရှာရသည် ။ သန့်စင်ခန်းထဲမှ ပြန်ထွက်လာသော ညီငယ့်ကိုတွေ့သောအခါမှ စိတ်အေးနိုင်သည် ။

" ညီငယ် ... အဆင်ပြေရဲ့လား ကိုယ်ကစိတ်ပူနေတာ "

စိုးရိမ်တကြီးနှင့်ပြောလိုက်သော ကျွန်တော့်စကားအဆုံးတွင် ညီငယ် က ပြုံးပြီး

" ဆောရီး ဦးတ ... တန်းစီနေရလို့ "

ဟု ပြောသည် ။ ထို့နောက်

" ဘာဖြစ်လို့လိုက်လာတာလဲ ... ဟိုအစ်မရော "

ဟု မေးသည် ။ ညီငယ့်မေးခွန်းကို ကျွန်တော်

" အင်း .. အလုပ်ရှိလို့ပြန်သွားနှင့်ပြီ "

ဟု ပြန်ဖြေလိုက်ပြီး

" ကိုယ်တို့လဲပြန်ရအောင် နေ့လည်ရန်ကုန်ပြန်ဖို့ ကားဂိတ်ဆင်းရမှာ "

ဟူ၍ ပြောလိုက်သည် ။

(၂)

ရန်ကုန်သို့ပြန်ရောက်ပြီးနောက်ပိုင်း ညီငယ်တစ်ယောက် အလုပ်ရှာရင်း အလုပ်ရှုပ်နေသည် ။ တစ်အိမ်ထဲအတူနေသည့် ကျွန်တော်နှင့်ပင် မနက်စာစားချိန်တစ်ချိန်သာတွေ့သည် ။ ညကျွန်တော်အလုပ်မှပြန်ရောက်လျှင် ညီငယ် က ကျွန်တော့်အတွက် ညစာပြင်ပေးထားပြီး အိပ်ရာဝင်နှင့်နေပြီဖြစ်သည် ။

ညီငယ္ / ညီငယ် (15)Donde viven las historias. Descúbrelo ahora