၁၀

101 3 0
                                    

❣️ ညီငယ် ❣️

- ၁၀ -

🌜ကိုယ်ပင်ပန်းတဲ့အချိန်မှာ ကိုယ်ပြေးသွားနိုင်တဲ့နေရာက ကိုယ်ချစ်ရတဲ့လူရဲ့ ရင်ခွင်ပဲရှိတယ် ..
အဲ့ဒီလို ပြေးသွားလိုက်လို့ ကိုယ့်ကိုကြိုဆိုမဲ့လူကလဲ ကိုယ်ချစ်ရတဲ့လူပဲ .. ကျွန်တော်က ဦးတအတွက် အဲ့ဒီလိုလူမျိုးဖြစ်ပေးချင်တယ်🌛

(၁)

မနက်ခင်းနေရောင်ခြည်က မျက်နှာတည့်တည့်အပေါ်သို့ ကျရောက်နေပြီဖြစ်သော်လည်း ကျွန်တော် အိပ်ရာမှမထချင်သေး ။ မျက်လုံးကို မဖွင့်ချင်ဖွင့်ချင်ဖြင့်ဖွင့်ပြီး နာရီကိုကြည့်လိုက်သောအခါ မနက်ခုနစ်နာရီကျော်နေပြီဖြစ်သည် ။ မီးဖိုချောင်ထဲမှ အိုးသံခွက်သံများကို ကြားနေရသဖြင့် ညီငယ်နိုးနေပြီဖြစ်ကြောင်း သိရသည် ။ ကျွန်တော် မထချင်သေးသော်လည်း အလုပ်သွားရအုံးမည်ဖြစ်သောကြောင့် အိပ်နေရာမှထကာ မီးဖိုချောင်ထဲ ဝင်လာခဲ့လိုက်သည် ။
" ဟော .. ဉီး .. နိုးပြီလား "

ဟူသော မေးခွန်းနှင့်အတူ ကျွန်တော့်ခါးပေါ်ရောက်လာသည့် နွေးထွေးသောလက်တစ်စုံကြောင့် မနက်ခင်းသည် လှပခဲ့သည် ။

" နိုးရင်မျက်နှာသွားသစ်တော့ .. မနက်စာပြင်ထားမယ် "

အမိန့်ပေးခြင်းမဟုတ်ပဲ တောင်းဆိုသည့်စကားသံအဆုံးတွင် ကျွန်တော် ခေါင်းညိတ်၍ ရေချိုးခန်းရှိရာဆီ ထွက်လာခဲ့လိုက်သည် ။

(၂)

" ဦး .. ချစ်ခြင်းမေတ္တာကို ဘယ်လိုခံယူထားလဲ "

ကျွန်တော် အလုပ်သွားကာနီး အဝတ်အစားလဲနေစဉ် အဝတ်ဗီရိုကိုမှီ၍ မေးလိုက်သော ညီငယ့်မေးခွန်းကြောင့် မျက်မှောင်ကြုံ့လိုက်ကာ

" ဘာကိုဘယ်လိုခံယူရမှာလဲ "

ဟု ပြန်မေးလိုက်သည် ။

" ချစ်ခြင်းမေတ္တာလေ .. ဦးတ ကျွန်တော့်ကိုချစ်တယ်မဟုတ်လား .. ကျွန်တော့်အပေါ်မှာ ဦးတ ဘယ်လိုခံစားရလဲ "

ညီငယ် ထပ်မေးသောအခါမှ ကျွန်တော် ပြုံးလိုက်ကာ

" ညီငယ့်အပေါ်မှာ ကိုယ်ဘယ်လိုခံစားရလဲဆိုတော့ .. ညီငယ် က နွံလိုပဲ .. ကိုယ်ရုန်းပေမဲ့ ဘယ်တော့မှ ရုန်းလို့မလွတ်တဲ့ နွံ ... ကိုယ်ကလဲဘယ်တော့မှ ရုန်းမထွက်ချင်မိတဲ့ နွံ "

ညီငယ္ / ညီငယ် (15)Donde viven las historias. Descúbrelo ahora