၁၃ (ဇာတ်သိမ်း)

297 5 3
                                    

🖇️ ညီငယ် 🖇️

- ၁၃ -

ဇာတ်သိမ်းပိုင်း

✂️ ကျွန်တော့်စကားအဆုံးတွင် ညီငယ် က

" ဦးတ ကို သတိရလွန်းလို့ ကျွန်တော် ရူးသွားတာလား "

ဟု တိုးတိုးပြောသည် ။

" မဟုတ်ပါဘူး ... ကိုယ်ကသာ တစ်ကိုယ်ကောင်းဆန်လွန်းပြီး ရူးသွပ်ခဲ့တာပါ " ✂️

(၁)

" ဦးတ "

ကျွန်တော် အိပ်ပျော်လုဆဲဆဲဖြစ်နေစဥ် ကျွန်တော့်နာမည်ကိုခေါ်လိုက်သော ညီငယ့်အသံကို ကြားလိုက်ရသောကြောင့် မျက်လုံးပြူးသွားကာ အိပ်ရာထဲတွင် ငုတ်တုတ်ထထိုင်လိုက်သည် ။ ထို့နောက် ကုတင်ပေါ်မှဆင်းကာ အခန်းတံခါးကို ဆွဲဖွင့်ပြီး

" ညီငယ် "

ဟု ခေါ်လိုက်သည် ။ ဧည့်ခန်းထဲတွင်ထိုင်ကာ စကားပြောနေသည့် သီရိ နှင့် မေမေ့ကိုသာ တွေ့လိုက်ရသဖြင့် ကျွန်တော် စိတ်ပျက်သွားမိသည် ။ မေမေက အခန်းထဲမှထွက်လာသော ကျွန်တော့်ကို ပြုံးပြပြီး

" လာလေ သား ... ညီမလေးနဲ့မင်္ဂလာဝတ်စုံအတူရွေးလေ "

ဟု ခေါ်သည် ။ မေမေ့စကားအဆုံးတွင် ကျွန်တော် ခေါင်းခါလိုက်ပြီး

" မေမေတို့စိတ်တိုင်းကျသာလုပ်ကြ "

ဟု ပြောကာ အခန်းထဲပြန်ဝင်လာခဲ့လိုက်သည် ။

" ညီငယ်ရယ် ... ကိုယ်တောင်ဒီလေါက်ခံစားနေရတာ ညီငယ်ဆိုပိုခံစားရမှာပေါ့ .. ဒါပေမဲ့ ညီငယ် ကိုယ်လုပ်ခဲ့တဲ့အမှားအတွက် ကိုယ်ပြန်ပေးဆပ်ရမယ်လေ .. ကိုယ်တို့ရေစက်က ဒီလေါက်ပဲရှိနိုင်လို့ ကိုယ်တောင်းပန်ပါတယ် "

(၂)

ကျွန်တော် ညီငယ်နှင့် အဆက်အသွယ်မရှိသည်မှာ ယနေ့နှင့်ဆို တစ်လပြည့်ပြီဖြစ်သည် ။ နောက်တစ်ပတ်ဆိုလျှင် ကျွန်တော် သီရိ နှင့် လက်ထပ်ရတော့မည်ဖြစ်သည် ။ သီရိနှင့်လက်မထပ်ခင် ကျွန်တော် ညီငယ့်မျက်နှာကို မြင်ချင်သောကြောင့် ညီငယ့်အိမ်ရှိရာဆီ ထွက်လာခဲ့ခြင်းဖြစ်သည် ။ သို့သော် ကျွန်တော့်တွင် ညီငယ်နှင့် မျက်နှာချင်းဆိုင်ရန် သတ္တိမရှိ ။ ထို့ကြောင့် အိမ်ရှေ့အထိရောက်လာပြီး အိမ်နှင့်မလှမ်းမကမ်းတွင်နေကာ ညီငယ်အိမ်ထဲမှထွက်အလာကို စောင့်နေမိသည် ။ ခြံတံခါးကို အပြင်မှ သော့ခတ်မထားသောကြောင့် ညီငယ် အိမ်ထဲတွင်ရှိနေကြောင်း သိနိုင်သည် ။ သို့သော် ကျွန်တော် အိမ်ရှေ့တွင် တစ်နေကုန်စောင့်နေသော်လည်း ညီငယ့်အရိပ်အယောင်ကို မမြင်ရ ။ ခါတိုင်း ထွန်းနေကျဖြစ်သော ခြံထဲမှမီးများလဲလင်းမလာ ။ အိမ်ထဲတွင်လဲ မီးအလင်းရောင်ကိုမတွေ့ရ ။

ညီငယ္ / ညီငယ် (15)Where stories live. Discover now