Extra

210 8 5
                                    

ညီငယ် ....

extra part

(၁)

" ဦးတ ... ကျွန်တော့်ကို ဘယ်လိုရှာတွေ့တာလဲ "

ညီငယ် က ကျွန်တော့်ကိုဖက်ထားသောလက်များအားလွှတ်လိုက်ပြီး ပြုံး၍မေးသည် ။

" ဘယ်လိုရှာတွေ့ရမလဲ ... မင်း ဘန်ကောက် ပြန်တော့မယ်လို့ပြောသွားတယ်ဆိုကတည်းက ကိုယ် လေဆိပ်ကအစ်မကို နားပူလို့ အဲ့ဒီအစ်မ က ယာဥ်လက်မှတ်ဖြတ်ပေးပြီး မြန်မြန်လိုက်သွားလို့ပြောလို့ ချက်ချင်းလိုက်လာခဲ့တာ "

ကျွန်တော့်စကားအဆုံးတွင် ညီငယ် က မျက်နှာကိုတည်လိုက်ပြီး

" လက်ထပ်ပွဲကရော ဘာဖြစ်သွားလဲ ... ထုံးစံအတိုင်း ဖြစ်ချင်ရာဖြစ်ဆိုပြီး ပစ်ထားခဲ့ပြန်ပြီလား "

ဟု ပြောသည် ။ ထို့ကြောင့်  ကျွန်တော် ရယ်လိုက်ကာ ညီငယ့်ဆံပင်များကို ခပ်ဖွဖွပွတ်လိုက်ပြီး

" သီရိရောက်မလာလို့ ပွဲကပျက်သွားတယ် ... မပျက်လဲ ကိုယ်ဖျက်ဖို့ဆုံးဖြတ်ထားပြီးပြီ .. အခုလို အဆင်သင့်ပျက်သွားတယ်ဆိုတော့ ကိုယ် ညီငယ့်အနောက်ကို ပြေးလိုက်လာခဲ့တာ ... မေမေတို့ကိုတောင်မပြောခဲ့ဘူး "

ဟု ပြောလိုက်သည် ။ ညီငယ် က ကျွန်တော့်ကို ဘာစကားမှပြန်မပြောပဲ အလွန်အံ့သြနေဟန်ဖြင့် ငေးကြည့်နေသည် ။ ထို့ကြောင့် ကျွန်တော် ညီငယ့် ပါးတစ်ဖက်ကို ခပ်ဖွဖွဆွဲလိုက်ပြီး

" ကိုယ်တို့လက်ထပ်ကြမယ် "

ဟု ပြောလိုက်သည် ။ ယခုတစ်ကြိမ်တွင်မူ ညီငယ် တကယ်အံ့သြသွားဟန်တူသည် ။ ကျွန်တော့် အား

" ဦးတ "

ဟု ခပ်တိုးတိုးခေါ်သည် ။ ကျွန်တော် ညီငယ့်ကို ပြုံးပြလိုက်ပြီး လက်တစ်ဖက်ကို ခပ်ဖွဖွဆုပ်ကိုင်လိုက်ကာ

" ကိုယ်တကယ်ပြောတာ "

ဟု ထပ်ပြောလိုက်သည် ။

(၂)

ညီငယ် က ခရစ်ယာန်ဘာသာဝင်ဖြစ်သောကြောင့်ကျွန်တော် ညီငယ် နှင့် လက်ထပ်ရန် ဘန်ကောက်မြို့အတွင်း၌ရှိသော ခရစ်ယာန်ဘုရားကျောင်းတစ်ခုဆီသို့ တန်းထွက်လာခဲ့လိုက်သည် ။ ဘုရားကျောင်းထဲရောက်သည်အထိ ညီငယ် က ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကို ယုံကြည်နိုင်သေးဟန်မတူ ။ အူကြောင်ကြောင်ဖြင့် ကျွန်တော် သွားလေရာကို လိုက်ကြည့်နေသည် ။ ထို့ကြောင့် ကျွန်တော် ပြုံးလိုက်ပြီး လမ်းတွင်ဝယ်လာခဲ့သည့် ပလက်တီနမ်လက်စွပ်နှစ်ကွင်းအနက် ညီငယ့်လက်နှင့် တိုင်းဝယ်ထားသောလက်စွပ်ကိုထုတ်ကာ ညီငယ့်လက်တွင် စွပ်ပေးလိုက်သည် ။

ညီငယ္ / ညီငယ် (15)Dove le storie prendono vita. Scoprilo ora