❤ ညီငယ် ❤
- ၅ -
💘 တစ်ရက်ပြီးတစ်ရက် ပို၍ ပဟေဋ္ဌိဆန်လာသော ညီငယ့် ကို ကျွန်တော် နားလည်လိုသော်လည်း နားလည်လာရန် မကြိုးစားမိခဲ့ 💘
(၁)
သတင်းစာထဲတွင် ကြော်ငြာပါပြီးနောက်ပိုင်း ညီငယ်တစ်ယောက် မသိမသာငိုင်နေသည် ။ ထမင်းပင်ထမစားပဲ အိပ်ရာထဲတွင်သာ ကွေးနေသည်ကများသည် ။ ဝမ်းမနည်း ဟု ပြောသော်လည်း တစ်ယောက်တည်းရှိသောအဖေက သားအဖြစ်လက်မခံသောကြောင့် အနည်းငယ် စိတ်မကောင်းဖြစ်မိမည်မှာ သေချာသည် ။ ထို့ကြောင့် ကျွန်တော် ညီငယ့် ကို နှစ်သိမ့်ပေးရန် စိတ်ကူး၍ အိပ်ရာထဲတွင်ကွေးနေသော ညီငယ့်ဘေးတွင် ဝင်လှဲကာ
" ညီငယ် "
ဟု ခေါ်လိုက်သည် ။ ကျွန်တော့်အသံကိုကြားသောအခါ ညီငယ် က
" အင်း "
ဟု ထူးသည် ။
" ပြောစရာရှိလို့ … ဒီဘက်လှည့်အုံး "
" မလှည့်ချင်ဘူး … ဒီအတိုင်းပဲပြော "
" အာ … ကိုယ်ကစကားပြောရင် မျက်နှာကိုကြည့်ပြီးပြောရမှကျေနပ်တာ … ခဏလေးပဲ … တစ်စက္ကန့်လောက်ပဲလှည့်ကွာ "
ကျွန်တော် ပြောပြီး ညီငယ့်ခန္ဓာကိုယ်လေးကို ကျွန်တော့်ဘက်သို့ ဆွဲလှည့်လိုက်သည် ။ ထို့နောက် ညီငယ့်ဆံပင်များကို လက်ဖြင့် ခပ်ဖွဖွသပ်တင်ပေးလိုက်ကာ
" ဒီမှာကြည့် ညီငယ် … အခု ကိုယ်တို့ဘဝမှာ ညီငယ် ပြောသလို ကိုယ်နဲ့ညီငယ် နှစ်ယောက်ပဲရှိတော့တာ … တစ်ယောက်ပြသနာတစ်ယောက်ဖွင့်ပြောပြီး အတူတူဖြေရှင်းကြမယ် … ညီငယ့်မှာ မေမေမရှိတော့လို့ ဝမ်းမနည်းနဲ့ … ကိုယ်က ညီငယ့် အဖေရော အမေရော ဦးတရော လုပ်ပေးမယ် … ညီငယ်ကလဲကိုယ့်ရဲ့ အဖေရော အမေရော ညီငယ်ရော လုပ်ပေး … ဟုတ်ပြီလား … ဒီလမ်းကခက်ခဲမယ်မှန်းသိရက်နဲ့ ကိုယ်တို့ရွေးခဲ့တာလေ … ခံနိုင်ရည်ရှိရမှာပေါ့ … မဟုတ်ဘူးလား "
ဟု ပြောလိုက်သည် ။ ကျွန်တော် ပြောသမျှကို မျက်လုံးအဝိုင်းသားဖြင့်နားထောင်နေသည့် မအူမလည် ညီငယ့်ကိုကြည့်ကာ ကျွန်တော် အသည်းယားလာသည် ။ ထို့ကြောင့် ညီငယ့် ကို ဖက်လိုက်ပြီး
![](https://img.wattpad.com/cover/225389506-288-k902136.jpg)
YOU ARE READING
ညီငယ္ / ညီငယ် (15)
Romanceဒုတိယမြောက်ရေးထားတဲ့ဇာတ်လမ်းပါ ဒုတိယမြောက်ရေးထားတဲ့ဇာတ်လမ်းပါ