[အေးစက်သောသူတစ်ယောက်]
ရှောင်းလုပ်ငန်းစုဆိုတဲ့နာမည်ရှေ့မှာ
ခေါက်တုံ့ခေါက်ပြန်လျောက်နေတဲ့သူတစ်ယောက်သူဟာလူတစ်ယောက်ကိုစောင့်မျှော်နေသည်
လက်ကိုအချင်းချင်းဆုပ်နယ်နေပုံအရ
ထိုလူဟာစိတ်လှုပ်ရှားနေဟန်သို့သော်ထိုသူရဲ့သွင်ပြင်ကတော့
ရေခဲပြင်တမျှအေးစက်နေတယ်တိုကပ်ကပ်ညှပ်ထားတဲ့ဆံစ
ကန်ရေပြင်ရဲ့အဆုံးလိုနက်မှောင်နေတဲ့မျက်ဝန်း
ခပ်တင်းတင်းစေ့ထားသောနှုတ်ခမ်းပါးတစ်စုံ
တစ်ကိုယ်လုံးအနက်ရောင်ဝတ်ဆင်ထားပြီး
အရာရာကိုဂရုမစိုက်တဲ့အသွင်အပြင်ရှိနေသည်မကြာခင်လူတစ်ယောက်ထွက်လာသောအခါ
သူ့ရဲ့မျက်လုံးကအရောင်အနည်းငယ်ခဏတာလက်သွားသည်သူခေါ်သင့်မခေါ်သင့်စဉ်းစားပြီး
နောက်ဆုံးသက်ပြင်းချကာခေါ်လိုက်သည်"ဦးလေးလင်း "
ခပ်သြသြအသံကကြားရသူအဖို့
စွဲမက်ဖွယ်ကောင်းပေမဲ့
ဦးလေးလင်းဆိုသူကတော့
မသိချင်ဟန်ဆောင်ကာခပ်သုတ်သုတ်ထွက်ပြေးသွားသည်ထိုသူကတော့လွယ်ထားတဲ့အိတ်အား
ခပ်တင်းတင်းဆုပ်ကိုင်ပြီး
စိတ်ပျက်သွားတဲ့ပုံပေါက်သွားသည်ငါ့ဘက်မှာဘယ်သူမှရှိမနေခဲ့ပါလား
ပထွေးရဲ့နှိပ်စက်မှုအားသူ့မိခင်မသေဆုံးခင်အချိန်ထိ
သည်းခံနေလာခဲ့သည်
မိခင်သေဆုံးသွားသည့်အခါ
သူ့ရဲ့တက်လမ်းကိုရှေးရူပြီး
ငရဲတွင်းမှထွက်ပြေးလာကာ
မိခင်ရဲ့အကိုဖြစ်သူထံသို့အကူအညီတောင်းရန်
ရောက်လာခြင်းဖြစ်သည်နယ်မြို့လေးမှာနေရတဲ့သူက
ကြီးကျယ်တဲ့မြို့ပြသို့စမ်းတဝါးဝါးနဲ့ရောက်လာသည်အနည်းဆုံးတော့ သူ့ရဲ့ဦးလေးက ကူညီမယ်ဆိုတဲ့
နောက်ဆုံးမျှော်လင့်ချက်လေးနဲ့ထိုမျှော်လင့်ချက်လေးက အခုတော့ပြိုလဲသွားပေသည်
ပထွေးကချေးငှားထားသော
အကြွေးများကြောင့် သူနဲ့မပတ်သတ်ချင်သည်လား
မိခင်ကိုခါးခါးသီးသီးမုန်းနေခဲ့လို့များလား
YOU ARE READING
NEEDFULL[家] [ COMPLETED ]
RandomNEEDFULL [家] I REALLY WANY TO OWN A HOME. Starting Date - 2020/5/17 Ending Date -Season -2(Version-1) 2020/7/24. Writer - PlumWhite_Blossom 家(Home) Starting Date - 2020/8/5 Ending Date - 2020/10/8 Side Character's name (Xi Chen & Jiang Cheng) Cred...