[အိပ်မက်များလား]
ဆောင်းရာသီရဲ့အအေးဓာတ်က အရိုးတွေခဲမတတ်ပဲ
ဒီနှစ်ဆောင်းကအရင်ကထက်ပိုအေးပုံရသည်"သခင်လေးရှောင်း နွေးနွေးထွေးထွေးလေးနေသင့်ပါတယ်"
"အင်း"
တုံပြန်မှုက 'အင်း' တစ်လုံးသာရသည်
ဦးလေးချန်ကတော့ သက်ပြင်းတချချနဲ့ပဲမကြာခင်ရောက်တော့မယ့်နှစ်သစ်မှာ
လူတွေကစိတ်လှုပ်တရှားရှိနေတယ်
ရှောင်းကျန့်ကတော့အသက်မဲ့စွာနဲ့
စာအိတ်နီလေးတွေပြင်နေသည်ဝန်ထမ်းတွေကိုနှစ်သစ်ကူးလက်ဆောင်ပေးဖို့အတွက်
အိမ်ပြန်လမ်းမှာ နှင်းတွေကထူထဲစွာကျဆင်းနေသည်
လွှမ်းခြုံထားတဲ့ကုတ်အနက်ထူထူကြားထဲ
မြုပ်နေတဲ့သခင်လေးရှောင်းကျန့်က လှပတဲ့ပန်းချီကားတစ်ချပ်လို"ကားခဏရပ် "
"သခင်လေးရှောင်း အိမ်ရောက်ဖို့က"
"ရပ်လိုက်ပါ"
နာခံစွာနဲ့ကားကိုရပ်လိုက်သည်
ကားထဲကနေထွက်လာတဲ့အခါ ကုတ်ကိုချွတ်ထားခဲ့သည်
"သခင်လေးရှောင်း ကုတ် "
"မလိုဘူး"
ပင်ပန်းနေတဲ့စိတ်ရောကိုယ်ရောကို
ခဏတာလွတ်လပ်စေချင်သည်
ကျဆင်းနေတဲ့နှင်းဖြူဖြူတွေကို
သွယ်မယောင်လက်ချောင်းလေးတွေက ထိတွေ့သည်အေးစက်စက်ခံစားချက်
ကောင်လေးကလည်းနှင်းနဲ့တူသည်
ဖြူစင်ပြီးအေးစက်သည်အချိန်အတော်ကြာထိ ရပ်နေခဲ့ပြီးမှ
အိမ်သို့ပြန်လာခဲ့သည်အားနည်းတဲ့ကိုယ်ကအအေးဒဏ်ကိုထပ်မံခံစားရသောအခါ
ဖျားလေတော့သည်အခန်းထဲမှာတစ်ယောက်တည်းရှိနေသော ရှောင်းကျန့်
အေးလွန်းလို့ ကိုယ်ကိုကွေးနိုင်သမျှကွေးကာမှေးစက်သည်သတိရတစ်ချက်မရတစ်ချက်ဖြစ်ကာ
အဖျားတွေတက်နေသည်သူသတိမလစ်ခင်နောက်ဆုံးကြားလိုက်ရသည့်
စကားတစ်ခွန်း
ESTÁS LEYENDO
NEEDFULL[家] [ COMPLETED ]
De TodoNEEDFULL [家] I REALLY WANY TO OWN A HOME. Starting Date - 2020/5/17 Ending Date -Season -2(Version-1) 2020/7/24. Writer - PlumWhite_Blossom 家(Home) Starting Date - 2020/8/5 Ending Date - 2020/10/8 Side Character's name (Xi Chen & Jiang Cheng) Cred...