[ ငါပိုင်တဲ့လူကိုထိရဲတယ် ]
ရိပေါ် လျိုလုပ်ငန်းစု နဲ့ မပတ်သတ်ချင်သော်လည်း
စီမံကိန်း အား စိတ်ဝင်စားသော သူကြောင့်
ချုပ်တည်းသည်းခံကာစာချုပ်ချုပ်ရန်ထပ်ပြီး လျို့ဝေရိနဲ့တွေ့ဆုံရပေသည်
ခရမ်းရောင်ကိုယ်ကျပ်အင်္ကျီက
ဝေရိရဲ့ကိုယ်ကောက်ကြောင်းကို အတိုင်းသားပေါ်စေပြီး
ပုရိသတွေရဲ့မျက်လုံးများက ဝေရိရဲ့ကိုယ်ပေါ်မှမခွာနိုင်
ဖြစ်နေသည်ထိုထဲတွင်ရိပေါ်တော့မပါပေ
သူ့မျက်လုံးထဲတွင်တော့ ထိုမိန်းကလေးသည်
စာခြောက်ရုပ်အဝတ်ပတ်ထားသလိုပင်"ကျွန်မရဲ့တောင်းဆိုချက်ကိုလက်ခံလိုက်ပြီလား "
"ဒီမှာ စီမံကိန်းစာချုပ် "
အချက်အလက်များကပြည့်စုံပြီး
အပြစ်ပြောစရာမရှိ"သူဋ္ဌေးရှောင်းကတော့တကယ့်ကိုစံပါပဲ
အရမ်းသဘောကျတယ် "ရိပေါ် စိတ်ထဲ မကျေနပ်ပေမဲ့
အပြင်ဘက်တွင်တော့ အေးစက်စက်ရေခဲငွေ့များကို
ထုတ်လွှတ်နေသည်စားစရာလာချပေးသောဝိတ်တာလေးမှာ
ကျောရိုးထဲသို့စိမ့်အေးသွားကာ
ထိုဝိုင်းမှလျင်မြန်စွာထွက်သွားသည်လက်မှတ်ထိုးပြီးသည့်အထိ စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းရင်း
ထွက်လာခဲ့တော့သည်နောက်တွင်ခေါ်နေသောသူမရဲ့အသံကို
နားထောင်ချင်စိတ်ကိုမရှိသို့သော် သူမရဲ့ပါးစပ်မှ ရှောင်းကျန့်ရဲ့နာမည်ထွက်လာသည်
"သူဋ္ဌေးရှောင်းကိုပြောပေးပါဦး
အရမ်းသဘောကျပါတယ်လို့ "ထိုစကားပြောပြီး ချော်လဲချင်ယောင်ဆောင်ကာ
ရိပေါ် ပေါ် မှီလာသည်ရှောင်တိမ်းလိုက်သောအခါ ဝေရိဟန်ချက်ပျက်သွားကာ အောက်သို့ပြုတ်မကျဘဲ ကြိုသိနေတဲ့အလား
ရိပေါ်ရဲ့အင်္ကျီကိုဆွဲကာ ရင်ခွင်ထဲဝင်လိုက်သည်"ဖမ်းပေးထားလို့ကျေးဇူးပါနော်"
ရိပေါ် တွန်းထုတ်ချိန်တောင်မရဘဲ သူမကထွက်ခွာသွားလေသည်
STAI LEGGENDO
NEEDFULL[家] [ COMPLETED ]
CasualeNEEDFULL [家] I REALLY WANY TO OWN A HOME. Starting Date - 2020/5/17 Ending Date -Season -2(Version-1) 2020/7/24. Writer - PlumWhite_Blossom 家(Home) Starting Date - 2020/8/5 Ending Date - 2020/10/8 Side Character's name (Xi Chen & Jiang Cheng) Cred...