[ အချိန်တွေကုန်လွန်သွားပြီးနောက် ]
သုံးနှစ်ကြာပြီးနောက်
ရှောင်းလုပ်စုဦးစီးရသောအပန်းဖြေစီမံကိန်းမှာ
အဆင်ပြေစွာဖြင့်ပြီးဆုံးသွားခဲ့ပြီးနောက်
အောင်မြင်ကျော်ကြားလာခဲ့သည်စတော့စျေးကွက်မှာလည်းထိုးပေါက်လာပြီး
ရှောင်းလုပ်စုမှာအရင်ကထက်ပိုပြီး တိုးတက်လာခဲ့သည်ကျော်ကြားသောလုပ်ငန်းစုကို အုပ်ချုပ်နေတဲ့သူတွေကတော့
သူတို့ရဲ့အိမ်လေးတွင် သာမန်မိသားစုလေးတွေလို နေနေကြသည်ကို မည်သူမှယုံမည်မဟုတ်ပေ
နွေဦးရာသီကိုကျော်လွန်ပြီး နွေရာသီသို့ရောက်လာသည်
ဝေဆာနေတဲ့မက်မွန်ပန်းတွေကလည်း လေတိုက်တိုင်းမွှေးပျံ့နေသည်
ရှပ်အဖြူနဲ့အနက်ရောင်စတိုင်ပန်
ဝတ်ဆင်ထားတဲ့လူတစ်ယောက်
ရှပ်ရဲ့လက်ကိုတစ်ဝက်တိတိခေါက်တင်ထားပြီး
စတိုင်ပန်ကိုလည်းခြေသလုံးပေါ်အောင်ပြုလုပ်ထားသည်ဂုတ်ထောက်ခါစဆံပင်လေးတွေက ခပ်အုပ်အုပ်ဖြစ်နေတယ်
ပေါ့ပါးတဲ့လူငယ်တစ်ယောက်လို မက်မွန်ပန်းပင်အောက်
အဝတ်လျော်ကန်ထဲရှိ
အိပ်ရာခင်းတွေကိုခြေထောက်နဲ့နင်းပြီး
လျော်နေတဲ့လူတစ်ယောက်သူ့နောက်မှ တစ်ကိုယ်လုံးအနက်ရောင်ဝတ်ဆင်ထားသော လူတစ်ယောက်က
အကျီလက်တွေ ဘောင်းဘီလက်တွေ ခေါက်တင်ပြီး
ပုံသွင်းထားတဲ့ဆံပင်ကိုဖွလိုက်ကာ ထိုသူဆီလာခဲ့သည်"ကျန့်ကော ထပ်ပြီး လျော်နေပြန်ပြီလား "
လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်
"အင်း ပျော်ဖို့ကောင်းတယ်လေ "
"အအေးမိမယ်လေ ညက "
"ရိပေါ်!"
"အတူနေတာပဲကြာပြီကို အခုထိရှက်တုန်းပဲလား"
မျက်စောင်းလေးဝင့်ကာနဲ့ လှန်ပြီးကြည့်တော့
ရိပေါ်အသည်းတွေယားရသည်"ဟုတ်ပြီ မစတော့ဘူး ဒါပေမဲ့ အခုထွက်ခဲ့တော့
ဖျားသွားမှာ မလိုလားဘူး "
VOUS LISEZ
NEEDFULL[家] [ COMPLETED ]
AléatoireNEEDFULL [家] I REALLY WANY TO OWN A HOME. Starting Date - 2020/5/17 Ending Date -Season -2(Version-1) 2020/7/24. Writer - PlumWhite_Blossom 家(Home) Starting Date - 2020/8/5 Ending Date - 2020/10/8 Side Character's name (Xi Chen & Jiang Cheng) Cred...