[ ငါ့ဆီကိုလာပါ ]
ရိပေါ် ပျောက်သွားတဲ့ရှောင်းကျန့်ကို အပူတပြင်းရှာဖွေနေသည်။
ရှောင်းကျန့် ကတော့ တစ်ကိုယ်လုံးကိုအနက်ရောင်ဖုံးလွှမ်းထားကာ
လှုပ်ရှားမှုများကညင်သာပြီး
လျှို့ဝှက်စွာဖြင့် အိမ်တစ်အိမ်ထဲသို့ ခိုးဝင်သွားသည်။ခမ်းနားသောအိမ်ထဲသို့ခိုးဝင်လာသော ရှောင်းကျန့်
တစ်ခန်းဝင်တစ်ခန်းထွက်ကာ လူတစ်ယောက်ကိုရှာနေသည်။ထိုသူကတော့ အခန်းထဲတွင် လျို့ဝေရိနှင့် စကားပြောနေသည်။
စောင့်ကြပ်နေတဲ့သက်တော်စောင့်တွေကိုအသာလှဲသိပ်ပြီး
တံခါးတွန်းဖွင့်ကာ အခန်းထဲသို့ဝင်လာသည်။ဝေရိ သတိထားမိကာ သက်တော်စောင့်တွေအော်ခေါ်ပေမဲ့
ရောက်မလာကြပေ။" အမေ "
မျက်သားတွေရဲတက်နေကာ မျက်ဝန်းများကလည်း ဖောင်းအစ်နေသည်။
ဝူဖန်းရီ ထိုင်ခုံမှာနေမြဲအတိုင်းနေကာ ရှောင်းကျန့် ကိုကြည့်နေသည်။
"ဘာလို့ လင်းအာ ကို သတ်ရတာလဲ
ဘာကြောင့်လဲ ""ငါ့ရှေ့ပိတ်နေလို့လေ မကြာခင်မင်းအလှည့်ရောက်လာမှာ "
မျက်နှာကိုလက်ဖဝါးဖြင့်အုပ်ကာ
"ကျွန်တော်က အမေမွေးထားတဲ့သားပါ "
"မင်းကငါ့သားမဟုတ်ဘူး"
"အမေ !!"
"ငါ့ကိုမခေါ်နဲ့ "
"အား !!! ခင်ဗျားဆီကဂရုစိုက်မှုလေးရဖို့ ဘာလို့ခက်ခဲနေရတာလဲ ကျွန်တော်က ခင်ဗျားရဲ့သား သားအရင်းပါ ဘာလို့မုန်းတီးနေရတာလဲ !!"
အော်ဟစ်ငိုကာ စကားတွေကိုပြောနေခဲ့သည်။
"ကျန့်ရှန်းဟောင် သူကမင်းအဖေပဲ ငါကကြားထဲက ကလေးမွေးပေးတဲ့လူသက်သက်ပဲ သူ့ရဲ့ရုပ်နဲ့တစ်ပုံစံတည်းတူတဲ့မင်းကိုမြင်တိုင်း သတ်ပစ်ချင်မိတာ နှုတ်ခမ်းအောက်ကမှဲ့က ငါ့အတွက်အတိတ်ဆိုးပဲ နင်သေမှရမယ် နင်သေကိုသေရမယ် "
"ဟက် ခင်ဗျားကိုသေမတတ်ချစ်ပေးခဲ့တဲ့ ကျွန်တော့အဖေကရော အဖေကရော ခင်ဗျားသူ့အပေါ်တရားခဲ့လား !!!!!"
VOUS LISEZ
NEEDFULL[家] [ COMPLETED ]
AléatoireNEEDFULL [家] I REALLY WANY TO OWN A HOME. Starting Date - 2020/5/17 Ending Date -Season -2(Version-1) 2020/7/24. Writer - PlumWhite_Blossom 家(Home) Starting Date - 2020/8/5 Ending Date - 2020/10/8 Side Character's name (Xi Chen & Jiang Cheng) Cred...