[ ကိုကို ငါ့ကိုထားမသွားပါနဲ့ ]
မေ့မျောနေတဲ့ ရှောင်းကျန့်
သူ့ရဲ့စိတ်ဝိညာဥ်ကတော့ လေနှင်ရာကိုလျောက်သွားလျက်ကျုးလစ်ပန်းဝါဝါတွေက မိမိအရှေ့သို့ပေါ်လာခဲ့သည်။
အဝါရောင်က ပျော်ရွှင်ခြင်းရဲ့သင်္ကေတအရောင်
သူကတော့ ဝမ်းနည်းမိသလိုပဲပြာလဲ့နေတဲ့ကောင်းကင်ကြီးအောက်မှာ
အဝါရောင်ကျုးလစ်တွေကြား
သူတစ်ယောက်တည်းရှိနေခဲ့သည်။"ခ်ခ် ကျန့် "
"လင်း "
ပန်းခင်းထဲပြေးလွှားနေတဲ့ကောင်မလေး လင်းအာ
အဝါဖျော့ဖျော့ဂါဝန်လေးနဲ့အဖြူရောင်ဦးထုပ်လေး
ဆောင်းထားရင်း လှမ်းခေါ်နေသောသူမ"လင်း "
လေတိုက်သောအခါ ပြန့်ဝဲနေသောဆံစတွေ
မျက်လုံးမှိတ်သည်အထိ ပြုံးပြနေရင်း ခေါ်နေသည်။ခြေထောက်တွေက သွားဖို့လှမ်းနေပေမဲ့
မရွေ့နိုင်ပေ ။တဖြည်းဖြည်း နဲ့ ဝေးကွာသွားသော လင်းအာ
"လင်း လင်း မသွားနဲ့ "
ဦးထုပ်ကမျက်နှာတစ်ဝက်တိတိဖုံးလွှမ်းထားသောအခါ
နှုတ်ခမ်းကိုသာမြင်ရသော လင်းအာ ကပြုံးပြရင်း"ငါ့ကိုစိတ်မပူနဲ့ နင့်ကိုနင် ဂရုစိုက်ပါ "
နောက်မှပေါ်လာသော ထျန်းလန်က လင်းအာ ရဲ့လက်ကို
တင်းတင်းဆုပ်ကိုင်ထားသည် ။"ဒီနေရာက ခင်ဗျားအတွက်မသင့်တော်ဘူး "
"ဘာကြောင့်လဲ "
မရမကခြေလှမ်းဖို့ကြိုးစားရင်း ရွေ့သွားသောအခါ
ရှောင်းကျန့် ပျော်သွားကာ ထပ်ပြီးလှမ်းသည်ရှေ့တွင်ရှိသောသူနှစ်ယောက်ကတော့
အငွေ့တွေအဖြစ်သို့ပြောင်းကာ ကွယ်ပျောက်လုနီးပါးဖြစ်နေသည်။"လင်း"
တစ်လှမ်းပြီးတစ်လှမ်း လှမ်းနေသောခြေလှမ်းတွေက
"ကိုကို ငါ့ကိုထားမသွားပါနဲ့ "
တင်းကြပ်လာသောရင်တစ်စုံနဲ့အတူ
မဖိတ်ခေါ်ပဲကျလာသည့်မျက်ရည်တွေ
YOU ARE READING
NEEDFULL[家] [ COMPLETED ]
RandomNEEDFULL [家] I REALLY WANY TO OWN A HOME. Starting Date - 2020/5/17 Ending Date -Season -2(Version-1) 2020/7/24. Writer - PlumWhite_Blossom 家(Home) Starting Date - 2020/8/5 Ending Date - 2020/10/8 Side Character's name (Xi Chen & Jiang Cheng) Cred...