[ပြန်လည်သတိရမိသောနေ့ရက်များ-၁]
အသက်ပြည့်တာသိပ်ကြာပုံမရသေးတဲ့ကောင်လေး
သေးညှပ်တဲ့ကိုယ်လေးကိုသိပ်ဘဝင်မကျကျိုးချန်နဲ့ဆွေးနွေးပြီးသူ့အသက်အရွယ်မှာရှိသင့်တဲ့
ကိုယ်အချိုးအစားရအောင် လေ့ကျင့်ပေးသည်နေ့စဥ်လေ့ကျင့်ခန်းအားသေချာလုပ်ပြီး
ကျန်းမာကြံ့ခိုင်အောင်သင်ယူစေသည်English စကားပြောအတွက် ဆရာတစ်ယောက်ငှားပေးကာ အနီးကပ်သင်ကြားစေသည်
ကျိုးချန်နဲ့အကိုရှီးချန်ကတော့
ရှောင်းကျန့် အား သက်ာမကင်းတဲ့အကြည့်တွေနဲ့"အဲ့လိုမကြည့်ပါနဲ့ "
"ချိုချိုသာသာကြည့်ပေးရမှာလား"
"မင်းအဲ့ကလေးကိုဘယ်လိုသဘောထားနေတာလဲ"
"ငါလည်းမပြောတတ်ဘူး လက်ရှိတော့ ဒီအတိုင်းပဲသွားကြရအောင်"
"မင်းအတွက် ဘေးမဖြစ်သေးသရွေ့တော့
ငါတို့ငြိမ်နေမှာပါ"အလေးအနက်တွေးတောနေတဲ့ရှောင်းကျန့်က
ခေါင်းညိမ့်ပြသည်အိမ်သို့ပြန်ရောက်လျှင် သူ့အားစောင့်ဆိုင်းနေတတ်သည့်
ကောင်လေးကထူးဆန်းစွာရှိမနေခဲ့အဒေါ်လီ အား မေးရန်ကြံရွယ်လိုက်သော်လည်း
မသင့်တော်ဘူးဟုထင်ကာ မိမိအခန်းထဲသို့သာ
ဝင်လာခဲ့သည်စာအုပ်ပုံတွေကြားထဲနစ်မြုပ်နေတဲ့ကောင်လေးကိုမြင်မှ
အော် ဒီကောင်လေးတော်တော်လေ့လာနေတာပဲ
သူ့ပြန်လာကိုတောင်မရိပ်မိဘူးဆိုတော့
ဘာတွေများဖတ်နေလို့ပါလိမ့်ခြေဖျားဖွဖွနင်းကာ နောက်ကျောကနေ
ခိုးကြည့်မိတော့စီမံခန့်ခွဲမှုရေးရာဆိုသည့်စာအုပ်အား
သေချာဖတ်ပြီးတစ်ဖက်မှအဓိကျသည်များကို
မှတ်သားနေသည်ညီညာသောလက်ရေးများက ကြည့်ရသူစိတ်ချမ်းသာသည်
ထိုလက်ရေးများရဲ့အပေါ်တွင် သူ့ရဲ့နာမည်လေးကလည်းကပ်ပါနေလို့ငါ့နာမည်ကိုပါစာရေးလေ့ကျင့်နေတာလား
ရေးနေရင်းရပ်တန့်သွားတဲ့ကောင်လေး
ဘေးကနာရီကိုကြည့်ရင်း
သက်ပြင်းချသံလေးကြားလိုက်ရသည်
ESTÁS LEYENDO
NEEDFULL[家] [ COMPLETED ]
De TodoNEEDFULL [家] I REALLY WANY TO OWN A HOME. Starting Date - 2020/5/17 Ending Date -Season -2(Version-1) 2020/7/24. Writer - PlumWhite_Blossom 家(Home) Starting Date - 2020/8/5 Ending Date - 2020/10/8 Side Character's name (Xi Chen & Jiang Cheng) Cred...