[ ကိုကို့ ကို အပြစ်ပေးရမယ် ]
ကျင့်သားရနေသောကိုယ်က
အချိန်မှန်နိုးထလာသည်မဆိုသလောက်ကိုက်နေသောခေါင်းအား ဖိပြီး
မျက်လုံးဖွင့်ကြည့်တော့ မရင်းနှီးတဲ့ပတ်ဝန်းကျင်ရှောင်းကျန့် !
ထမယ်ကြံကာမှ လေးလံနေသောရင်ခွင်ကြောင့်
ကြည့်မိတော့ အိပ်ပျော်နေတဲ့သူကိုတွေ့လိုက်ရသည်ရှည်လာတဲ့ဆံပင်တွေက မျက်လုံးကိုဖုံးအုပ်လုနီးပါး
ဆံပင်ညှပ်ဖို့ ပျင်းရိနေတဲ့သူကို ဘယ်လိုနားချရမှန်းမသိမနေ့ကအဖြစ်အပျက်တွေကိုတွေးမိတော့
ရေနွေးနဲ့အလောင်းခံလိုက်ရသလို ခံစားလိုက်ရသည်လွတ်နေသောလက်ဖြင့် မျက်နှာအား ဖုံးအုပ်ထားမိသည်
ဝမ်ရိပေါ်
မင်းကကလေးနဲ့အပြိုင်သဝန်တိုစရာလား
မရှက်ဘူးလား !မနေ့ကဖြစ်ပျက်သွားသောရိပေါ်အား
အသိစိတ်ဝင်လာသော ဝမ်ရိပေါ်က ဆူပူနေခြင်းဖြစ်သည်လှုပ်ရွလာသောကိုယ်ကြောင့် အိပ်ချင်ယောင်ဆောင်ပြီး
နေလိုက်သည်ရှောင်းကျန့် နိုးလာပြီးရိပေါ်ကိုကြည့်တော့
မနိုးသေးပေခြစ်ရာကင်းမဲ့သော မျက်နှာလေးအား ခပ်ဖွဖွပွတ်သပ်ပြီး
အိပ်ရာထသွားသည်ရှောင်းကျန့် အခန်းထဲကထွက်သွားသံကြားမှ
အိပ်ရာကနေထထိုင်တော့သည်လက်နှစ်ဖက်အားခေါင်းတွင်တင်ပြီး
နောင်တရနေတဲ့အမူအရာနဲ့"ရှက်ဖို့ကောင်းလိုက်တာ !!"
အခန်းထဲမှထွက်လာသော ရှောင်းကျန့်ကို
လင်းအာကစကားပြောသည်"အစောကြီးနိုးတာပဲ
မနေ့ကဘာလို့ ပြန်မလာတာလဲ ရှီးချန်ကောတို့ စောင့်ရတာအကြာကြီးပဲ""ငါမေ့သွားလို့ပါ ဒါနဲ့ ရှီးချန်ကောကဘယ်အချိန်ပြန်သွားတာလဲ
ထျန်းလန်ရော ""သိပ်နောက်မကျခင်ပြန်သွားတာပဲ လန်အာက
ကျောင်းသွားပြီလေ ""အော် "
"ရိပေါ်ကမနိုးသေးဘူးလား မနေ့ကတော်တော်များသွားတယ်နဲ့တူတယ်"
KAMU SEDANG MEMBACA
NEEDFULL[家] [ COMPLETED ]
AcakNEEDFULL [家] I REALLY WANY TO OWN A HOME. Starting Date - 2020/5/17 Ending Date -Season -2(Version-1) 2020/7/24. Writer - PlumWhite_Blossom 家(Home) Starting Date - 2020/8/5 Ending Date - 2020/10/8 Side Character's name (Xi Chen & Jiang Cheng) Cred...