[ လုပ်ကြံမှုတစ်ခုမှအစပြု၍ ]
ရှောင်းကျန့် အင်္ကျီတွေပြင်နေတာမြင်တော့
ရိပေါ်ကမေးလာသည်"ဘယ်သွားမလို့လဲ"
"အော် ရိရှောင်ကျွန်းပေါ်မှာ မုန်တိုင်းကြောင့် ပြဿနာတက်သွားတယ် ငါထင်တယ် ယုံလေးအခုချိန်လောက်ဆို ပျာယာခတ်နေမှာ "
"အဲ့ဒါကြောင့် သွားမယ်ပေါ့"
"အင်း "
ထုပ်ပိုးပြီးသွားသောအခါ ရှောင်းကျန့်
ကုတင်ပေါ်တွင်ထိုင်ရင်း ရိပေါ်ကိုခေါ်သည်"ဒီကိုလာ"
ရှောင်းကျန့် ရှေ့တွင်ဒူးထောက်လိုက်ပြီး
ခါးကိုဖက်ထားသည်"ဒါကဘယ်လိုဖြစ်ရပြန်တာလဲ"
ရိပေါ်စကားမပြောဘဲ ဗိုက်ပေါ်သို့မျက်နှာကပ်ထားသည်
"ရိပေါ် စားပွဲပေါ်မှာ လျိုလုပ်ငန်းစုအတွက်
ကမ်းခြေစီမံကိန်း ဆွဲပြီးပြီ ""....."
"နားထောင်နေလား ရိပေါ်"
"................"
"ရိပေါ် ဘာဖြစ်လို့လဲ မင်း မသွားစေချင်ရင်လည်း
ရိရှောင်ကျွန်းကို ရိပေါ်သွားလိုက် ကော လျိုလုပ်ငန်းစုနဲ့စာချုပ်ချုပ်လိုက်မယ်""လျိုလုပ်ငန်းစု နဲ့ စာချုပ်သွားချုပ်မယ်
ရိရှောင်ကျွန်းကိုသာ သွား ""ဟုတ်ပါပြီ ငါ့ကိုကြည့်ပါဦး"
"........"
"ရိပေါ် မင်းက ကလေးလား"
"ကလေးပဲလုပ်လိုက်ရမလား"
ရုပ်သေကြီးနဲ့အဲ့စကားပြောတဲ့အခါ ကြားရတဲ့လူတိုင်းရယ်ချင်မည်ဖြစ်သော်လည်း
ရှောင်းကျန့် ကတော့ မရယ်ဖြစ်
အခုတလောရိပေါ် အနားမှာဆင်ကော်လိုကပ်နေသည်
အကြောင်းအရင်းမယ်မယ်ရရမရှိပေမဲ့လို့
သူ့စိတ်ထဲ ရိပေါ် စိုးရိမ်မှုလွန်ကဲနေတယ်လို့ ခံစားနေရသည်"ငါ့ကိုဖုံးကွယ်ထားတာရှိလား ရိပေါ် "
မျက်နှာအား လက်ခုပ်ထဲတွင်ထည့်ပြီးမေးတော့
YOU ARE READING
NEEDFULL[家] [ COMPLETED ]
RandomNEEDFULL [家] I REALLY WANY TO OWN A HOME. Starting Date - 2020/5/17 Ending Date -Season -2(Version-1) 2020/7/24. Writer - PlumWhite_Blossom 家(Home) Starting Date - 2020/8/5 Ending Date - 2020/10/8 Side Character's name (Xi Chen & Jiang Cheng) Cred...