[ မထင်မှတ်ထားသောတုံ့ပြန်ချက် ]
ကိုယ်ရံတော်ရှန်းနဲ့အတူနန်းတော်ထဲသို့ ပုံမပျက်စွာဖြင့် ပြန်လည်ဝင်ရောက်လာခဲ့သည်။
မိုဖေးကတော့ငါးလေးတစ်ကောင်ဖြင့်အလုပ်ရူပ်နေလေသည်။
လမ်းမှာကြုံလို့ရလာတဲ့ငါးလေး( ရှဲ့ယွီ )
ငါ့ထက်မဆိုသလောက်လေးပုတဲ့အရပ်နဲ့ အသက်ကောပြည့်သေးရဲ့လားမသိ။လျိုမင် နဲ့ လျိုဖုန်း ကတော့ ပြဿနာအိုး သခင်မလေး ရဲ့သဘောအတိုင်း သခင်လေးလို့ပြောင်းခေါ်နေရသည်။
လူတစ်ယောက်ကိုလိမ်ဖို့အရေး အဲ့လောက်လိုလို့လား။
မသိတဲ့သူကိုအိမ်ခေါ်လာပြီးကစားချင်တိုင်းကစားနေတာ
မမလေးမိုကတော့ အရုပ်ရနေတဲ့အတိုင်းပဲ။
အခုလည်း ထိုကောင်လေးကို တရားခံလို စစ်ဆေးမေးမြန်းနေတာ အသက်တောင်ရူရဲ့လားမသိ။"ငါးလေး မင်းကဘာလို့အဲ့မှာတစ်ယောက်တည်းဖြစ်နေတာလဲ"
"ခေါင်းခါ"
"ဘာမေးမေးခေါင်းခါနေတော့မှာလား "
"ခေါင်းညိတ် "
"ဟင်း လျိုဖုန်း သူ့ကိုပါဆေးကြိတ်ခိုင်းလိုက် လျိုမင်ကအပြင်သွားဖို့လိုက်ခဲ့"
"ဘယ်သွားဦးမလို့လဲ"
"အကိုကြီးဆီ လိုက်ခဲ့စမ်းပါ သူ့ကိုမပျောက်စေနဲ့နော် အဲ့ငါးကိုပြန်လာမှကင်စားရမယ်"
စတွေ့တုန်းက စကားပြောတာသူမဟုတ်သလိုပဲ အခုလည်းကျကော ခေါင်းညိမ့်ခေါင်းခါပဲလုပ်နေတယ်။
"မမလေး ဘာလို့ အဲ့ကလေးကို အိမ်တော်ကိုခေါ်လာရတာလဲ "
"ခေါ်ချင်လာလို့"
ဟုတ်ပါပြီ ငါစကားပြိုင်မပြောတော့ပါဘူး။
နန်းတော်ထဲသို့ခါတိုင်းလိုအခစားဝင်ပေမဲ့ ဒီနေ့ကျထူးခြားစွာနဲ့ မိုဖေးအာမှာ မယ်တော်ကြီးဆီသို့အပို့ခံလိုက်ရလေသည်။
အရိုအသေပေးကာ ခေါင်းငုံ့နေသည်မှာ ပြန်ကိုမဖော်တော့ပေ။
ခေါင်းထဲတွင်တော့ဖြစ်နိုင်သည်များကို တွက်ချက်နေသည်။
YOU ARE READING
NEEDFULL[家] [ COMPLETED ]
RandomNEEDFULL [家] I REALLY WANY TO OWN A HOME. Starting Date - 2020/5/17 Ending Date -Season -2(Version-1) 2020/7/24. Writer - PlumWhite_Blossom 家(Home) Starting Date - 2020/8/5 Ending Date - 2020/10/8 Side Character's name (Xi Chen & Jiang Cheng) Cred...