[ ငါ ပင်ပန်းနေပြီ ]
လင်းအာ ပြောပြီး ထွက်လာခဲ့သည်
အားကိုးရှိတိုင်းမာန်တက်နေတဲ့ဟာတွေ
သိပ်ကိုသနားဖို့ကောင်းလင်းအာ ထွက်လာသော်လည်း
နောက်ကနေပါမလာသောသူကြောင့်
လက်ကိုဆွဲပြီးခေါ်လာရသည်တာဝန်ရှိသူနဲ့တွေ့ပြီး ဒီကောင်လေးလာရင်
ထပ်ပြီးလက်မခံဖို့နဲ့လုပ်အားခတွေတောင်းလာခဲ့သည်တုန်ရီနေတဲ့ကိုယ်လေးနဲ့သွေးပျက်နေသောမျက်နှာ
သူ့ကိုပြုံးပြဖူးတဲ့အပြုံးလေးကတောင်
ဘယ်ချောင်ကပ်နေမှန်းမသိ ကွယ်ပျောက်လျက်ဝိုင်တွေစိုနေတဲ့အကျီကြောင့်ကောင်လေးရဲ့ကိုယ်က
စွဲမက်ဖွယ်ရာပင်
ကျန့်ရဲ့ကောင်လေးလောက်မဖြူပေမဲ့
နှစ်လိုဖွယ်အသားအရည်နဲ့ ကလေးလိုမျက်နှာပေါက်လေးနဲ့
အနိုင်ကျင့်ခံထားရလို့ ငိုယိုနေတဲ့ ကလေးပေါက်စလေးလို
ကြောင်လေးလိုသူပဲထင်နေတာမဟုတ် ကလပ်ထဲကလူတွေရဲ့အကြည့်ကလည်း
ကောင်လေးပေါ်စုပုံနေလို့ငါလေငါ့ရဲ့ကုတ်ကိုနို့နံ့မစင်တဲ့သူအတွက်
ချွတ်ပေးရလိမ့်မယ်လို့မထင်ခဲ့ဘူးသူ့ရဲ့ကုတ်ကိုကောင်လေးရဲ့ခေါင်းပေါ်အုပ်လိုက်သည်
ဒီလိုအပြစ်ကင်းစင်တဲ့မျက်နှာကိုမမြင်ရရင်
သိပ်ပြီးအန္တရာယ်မရှိဘူးအရပ်လေးကသူ့ထက်မဆိုသလောက်ပဲရှည်လို့
တော်သေးတာပေါ့ မဟုတ်ရင် ခြေဖျားထောက်ပြီး
ခြုံနေရမယ်ထျန်းလန်တစ်ယောက်
တုန်လှုပ်နေပြီး မူးဝေနေသည်
သူ အရက်ကိုလုံးဝမသောက်ဖူးပေအနံ့တွေကိုတောင်
မနည်းယဉ်အောင်လုပ်နေရတဲ့အနေအထားမှာ
ဝိုင်ပုလင်းလိုက်လောင်းချခံရသောအခါ
မသောက်ဘဲမူးနေသည်သူ့လက်ကိုဆုပ်ကိုင်ထားတဲ့လက်က
လုံခြုံစေတယ်လို့ခံစားရသောကြောင့်
ထိုလက်ကိုသာစိုက်ကြည့်နေခဲ့သည်လင်းအာ ကောင်လေးကိုကားပေါ်သို့တင်လိုက်သည်
အသိစိတ်မရှိသေးတဲ့သူကို အိမ်လိုက်ပို့ရအောင်လည်း
အိမ်ကမသိ သူ့အိမ်ကိုခေါ်သွားရမည်
YOU ARE READING
NEEDFULL[家] [ COMPLETED ]
RandomNEEDFULL [家] I REALLY WANY TO OWN A HOME. Starting Date - 2020/5/17 Ending Date -Season -2(Version-1) 2020/7/24. Writer - PlumWhite_Blossom 家(Home) Starting Date - 2020/8/5 Ending Date - 2020/10/8 Side Character's name (Xi Chen & Jiang Cheng) Cred...