[ ကိုယ်တော်မင်းနဲ့အတူ ကျန်းနန်ကရူခင်းတွေ သွားကြည့်ချင်ခဲ့တာ ]
အရှင်မင်းမြတ်ကအခေါ်တော် လွှတ်သည်ဟုကြားသိရတာနဲ့ မိုယွမ်က ချက်ချင်းပင် နန်းတော်ထဲသို့အခစားဝင်လေသည်။
မတွေ့ရတဲ့ရက်အတောအတွင်း အရှင်မင်းမြတ်က ပိုပြီးပိန်ကျသွားတာပဲ။မော်ဖူးခွင့်မရှိမှန်းသိပေမဲ့လည်း အမိန့်ကိုဖီဆန်စွာနဲ့ တမေ့တမောငေးမောလို့။ မျက်ခုံးနှစ်ခုကြားနေရာလေးအား ဖိထောက်ထားလျက် အပူအပင်များနေပုံရနေသော အရှင်မင်းမြတ်က သူရောက်နေမှန်းတောင်သတိမထားခဲ့ပေ။
"အရှင်မင်းမြတ် ကျွန်တော်မျိုး မိုယွမ် ရောက်နေကြောင်းပါ"
အနားတွင်ရှိနေကြအပျိုတော်နှင့်အထိန်းတော်မှာလည်း ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းမသိ။ သူရောက်ရှိနေတဲ့အကြောင်း လျောက်တင်လိုက်တော့ စင်းကျနေတဲ့မျက်လွှာကိုအသာအယာဖွင့်လို့ မိမိအားစိုက်ကြည့်နေသည်။
"ငါကိုယ်တော် မိုလေးကိုအနှောင့်အယှက်ဖြစ်စေခဲ့ပြီလား"
"မဖြစ်ကြောင်းပါ"
"အရိုအသေပေးရာကနေထလိုက်ပါ ကိုယ်တော့်ဘေးမှင်လာသွေးပေးလှည့်"
ဘာအကြောင်းအရင်းမှမရှိဘဲ စစ်သူကြီးအား အခေါ်တော်လွှတ်တဲ့အရှင်မင်းကြီး။
"မိုလေး "
"မှန်ပါ "
"တကယ်လို့ တိုင်းပြည်ဧကရီနေရာကို
မဖြစ်မနေတင်မြှောက်ရမယ်ဆိုရင် မိုလေးက ငါကိုယ်တော်ကိုဘယ်သူနဲ့သဘောတူလဲ"မှင်သွေးပေးနေသောလက်များက ခေတ္တရပ်သွားပေမဲ့ ဆက်ပြီးသွေးနေမြဲ။ သူမေ့ထားတဲ့
အရှင်မင်းမြတ်နဲ့ပတ်သတ်တဲ့အချက်တစ်ချက်။"ခမ့်တိုင်းပြည်မင်းသမီးရောက်လာတယ် မယ်တော်ကြီးကခေါ်ဆောင်လာခဲ့တာပေါ့ မိုလေး ကိုယ်တော်လက်ခံသင့်လား"
"အရှင်မင်းကြီးဆန္ဒက ကျွန်တော်မျိုးရဲ့ဆုံးဖြတ်ချက်ပါပဲ"
တားဆီးချင်သည့်စကားများ တစ်ခွန်းတလေမဟပါဘဲ ငါကိုယ်တော်ရဲ့ဆန္ဒကမင်းရဲ့ဆုံးဖြတ်ချက်တဲ့လား။
YOU ARE READING
NEEDFULL[家] [ COMPLETED ]
RandomNEEDFULL [家] I REALLY WANY TO OWN A HOME. Starting Date - 2020/5/17 Ending Date -Season -2(Version-1) 2020/7/24. Writer - PlumWhite_Blossom 家(Home) Starting Date - 2020/8/5 Ending Date - 2020/10/8 Side Character's name (Xi Chen & Jiang Cheng) Cred...