[ သံသယ ]
အိပ်ပျော်နေသော ရှောင်းကျန့် အား
ငေးကြည့်နေသော ဝမ်ရိပေါ်ဘေးနားမှာရှိတဲ့ ရှီးချန် ကတော့
တိတ်နေလျက်"ဘယ်သူ့လက်ချက်လဲဆိုတာ ရှီးချန်ကော သိလား "
"အင်း ဝူဖန်းရီ မသေသေးဘူး "
"အော် "
အော် ဟုတစ်လုံးတည်းဆိုကာ
အတွေးထဲနစ်မျောသွားသောရိပေါ်
ခဏနေတော့ နှလုံးသားထဲထိအေးစက်စေတဲ့
စကားတစ်ခွန်းကိုပြောလေသည်"သေအောင်သတ်ပေးရမှာပေါ့ "
ရှီးချန် ဘာမှမပြောပေ
ရက်အနည်းငယ်ကြာတော့
ရိရှောင်ကျွန်းမှ ရှောင်းအိမ်တော်သို့ပြန်လာခဲ့သည်ကျန်နေသေးသည့်ကျွန်းရဲ့ကိစ္စအဝဝကို
ရိပေါ်ကသာဆက်ပြီးဆောင်ရွက်ကာ လက်စသတ်လိုက်သည်ရှောင်းကျန့် တစ်ယောက်တည်း အိမ်ထဲတွင် အကျယ်ချုပ်ကျနေသလို ခံစားနေရသည်
သို့ပေမဲ့ ရွမ်ရွှမ်နဲ့ထျန်းလန်က အနားမှာရှိတာကြောင့်
ပျင်းရိတယ်လို့မခံစားရပေထျန်းလန်တစ်ယောက် ထမင်းစားသည့်အချိန်တွင် ကလေးနှစ်ယောက်ကိုထိန်းနေရသလိုပင်
ကျန်သည့်အချိန်များတွင် ရွှမ်ရွှမ်က ရှောင်းကျန့် အနားမှာပဲကပ်ကာ ငြိမ်ငြိမ်လေးနေနေတတ်သည်
အော်ငိုခြင်းကင်းမဲ့ကာ တခစ်ခစ်ရယ်လျက်
အဖေဖြစ်တဲ့မိမိကသဝန်အနည်းငယ်တိုပေမဲ့လို့
စိတ်ချမ်းသာပါတယ်လေရှောင်းအိမ်တော်ထဲသို့ ဖိတ်မခေါ်ပါဘဲရောက်လာသောသူ
လျိုဝေရိရှောင်းကျန့်ကြောင်အသွားပေမဲ့
အိမ်ရှင်ဖြစ်နေသောကြောင့်
အိမ်ထဲသို့ခေါ်လာခဲ့သည်"လျိုမိန်းကလေး က ဘာကိစ္စများရှိလို့လဲ"
"သူဋ္ဌေးဝမ်က ကျန်ခဲ့တဲ့စာရွက်စာတမ်းကို ယူခိုင်းလိုက်လို့ပါ "
"ရိပေါ်က "ရှောင်းကျန့် ရိပေါ်ယူခိုင်းတယ်ဆိုတာကြောင့်
ဘာမှမပြောတော့ဘဲ စာရွက်စာတမ်းတစ်ချို့ယူပေးလိုက်သည်
ESTÁS LEYENDO
NEEDFULL[家] [ COMPLETED ]
De TodoNEEDFULL [家] I REALLY WANY TO OWN A HOME. Starting Date - 2020/5/17 Ending Date -Season -2(Version-1) 2020/7/24. Writer - PlumWhite_Blossom 家(Home) Starting Date - 2020/8/5 Ending Date - 2020/10/8 Side Character's name (Xi Chen & Jiang Cheng) Cred...