[အထင်လွဲခြင်း]
အမဲလိုက်ပွဲမှပြန်ရောက်လာသော ဘုရင်ငယ်လေးကို
မယ်တော်ကြီးကအခေါ်တော်လွှတ်လိုက်လေသည်နောက်ပါးမှပါလာသောသူအား
အထူးအဆန်းကြည့်ကြသည်"ကိုယ်ရံတော်အသစ်လား "
နန်းမူနန်းရာတွေနဲ့တင့်တယ်စွာ
လက်ဖက်ရည်ခွက်အားသုံးဆောင်နေသည်ကြည်နူးဖွယ်ကောင်းသောမျက်နှာလေးနဲ့မလိုက်ဖက်စွာ
ရက်စက်ကြမ်းကြုတ်ပြီးအာဏာကိုသာမက်မောသည်"ယွမ်လေး က ကိုယ်ရံတော် "
မဟုတ်ဘူးလို့ငြင်းချင်သော်လည်း
" အင်း ကိုယ်ရံတော်ပါပဲ"
"ဖြေဆေးပေးလိုက် "
သလင်းလိုကြည်လင်သောဖန်ပုလင်းငယ်လေးကို
ထုတ်ပေးသည်
ဒါကသူ့အတွက်အဆိပ်ဖြေဆေး တစ်နည်းအားဖြင့် အဆိပ်"ဒါနဲ့ အခုတလော ပုန်ကန်မှုတွေရှိတယ်လို့ကြားရတယ်
အရှင်ကရောဘယ်လိုများစီမံမယ်လို့စိတ်ကူးထားလဲ""ဒီကိစ္စကဖြေရှင်းဖို့မလွယ်ကူဘူး
ဘာပဲဖြစ်ဖြစ် မယ်တော်ကြီးစိတ်မပျက်စေရပါဘူး""ကောင်းပါပြီ"
"သွားခွင့်ပြုပါဦး "
ဝေးကွာသွားသောပုံရိပ်နှစ်ခုမှာ
အပြာရင့်ရောင်ဝတ်ဆင်ထားသောသူက
တစ်ချက်ပြန်လှည့်ကြည့်သည်ထိုအကြည့် မယ်တော်ကြီးကိုင်ထားသောခွက်အား
ပြုတ်ကျလုမတတ် တုန်လှုပ်သွားသည်အဲ့အကြည့် အရင်မင်းကြီးရဲ့သက်တော်စောင့်မို အကြည့်နဲ့တစ်ပုံစံတည်း
ဒီလူကိုထိရင်သတ်ပစ်မယ့်ဆိုတဲ့အကြည့်မျိုး
သက်တော်စောင့်မိုလက်ထဲတွင် အသက်မဲ့နေသော
အရှင်မင်းကြီးရဲ့ကိုယ်ကိုပွေ့ဖက်ထားသည်သူမ(မယ်တော်ကြီး) က အောင်နိုင်သူလိုပြုံးနေခဲ့သည်
သို့သော် သက်တော်စောင့်မိုက သူမအား ရွံရှာစွာကြည့်ပြီး
ပြုံးပြသည်"မင်းဖြစ်ချင်သလိုဖြစ်လာမှာမဟုတ်ဘူး"
သေခါနီးလူရဲ့စကားကသူ့အားတုန်လှုပ်စေခဲ့သည်
အသက်ငယ်သေးတဲ့ကလေးအားငယ်စဥ်ကတည်းက
အဆိပ်ကျွေးကာသူ့စကားကအမိန့်ဖြစ်အောင်
ပြုမူခဲ့သည်
أنت تقرأ
NEEDFULL[家] [ COMPLETED ]
عشوائيNEEDFULL [家] I REALLY WANY TO OWN A HOME. Starting Date - 2020/5/17 Ending Date -Season -2(Version-1) 2020/7/24. Writer - PlumWhite_Blossom 家(Home) Starting Date - 2020/8/5 Ending Date - 2020/10/8 Side Character's name (Xi Chen & Jiang Cheng) Cred...