Episode - 26 [Side Story END]

3.1K 280 13
                                    

[ Side Story For Chen & Cheng
အပျိုကြီးဘဝမှလွတ်မြောက်ခြင်း -၂ ]

ရှီးချန် အလုပ်ကိစ္စများကို လင်းအာနဲ့ပစ်ထားခဲ့ပြီး
ဆေးရုံသို့လာခဲ့သည်

ကျန်းချန်အား စိတ်ရှည်လက်ရှည်ဖြင့်စောင့်ဆိုင်းရင်း
မျက်လုံးကစားနေသည်

မကြာခင်သူ့ဆီလာနေသောကျန်းချန်ကို တွေ့ရသည်
သူ့ကိုတွေ့လို့ပြုံးပျော်သွားသောမျက်နှာလေးက
ဘေးကနေစကားလိုက်ပြောနေသော
ကောင်မလေးတစ်ယောက်ကြောင့်
စိတ်ညစ်နေတဲ့အမူအရာတွေတွေ့ရသည်

သူကဘယ်သူမို့လို့လဲ

အတင်းကိုလုပ်ယူထားတဲ့အပြုံးကိုပြုံးပြပြီး
သူ့ဆီကိုပြေးလာတော့သည်

အလိုက်သင့်ဖမ်းပေးတဲ့ရင်ခွင်ထဲပစ်ဝင်ပြီး

"သွားရအောင် မြန်မြန် ဂျုတီ အစားထိုးမလုပ်ချင်တော့ဘူး"

ဂျုတီအစားထိုးကြောင့်လား

ရှီးချန်ဘေးဘီကိုကြည့်ပြီး
နှစ်ယောက်သား သူခိုးလို လျင်မြန်စွာ ထွက်ပြေးလာခဲ့ကြသည်

အေးဆေးသောညနေခင်းတွင်
ကျန်းချန် နဲ့ ရှီးချန် ဆိုင်တစ်ဆိုင်တွင် အရက်သောက်နေကြသည်

"ဘာတွေစိတ်ညစ်လို့လဲ"

"မင်း ငါ့ ကိုချစ်သေးရဲ့လား"

"ဘာလို့အဲလိုမေးရတာလဲ"

ဘာမှမပြောဘဲ ထပ်ပြီးသောက်သည်
သူရဲဆေးတင်နေတာ

ရှီးချန်ကတော့ ဘာမှမသိတဲ့မျက်နှာပေးနဲ့ထိုင်ကြည့်လို့

"တော်ပြီ များနေပြီ "

"အခုတော့တားရက်ပြီပေါ့ "

ရှီးချန် ဘာမှမသိသေးပေမဲ့ အခုတော့ နားလည်သလိုရှိလာလေသည်

"မတားရက်ပါဘူး မနက်ဖြန်အားလပ်ရက်ကို အိပ်နေရင်း ကုန်ဆုံးသွားမှာစိုးလို့ပါ"

"သွား ခင်ဗျားနဲ့စကားမပြောဘူး တွေ့သမျှကိုပြုံးပြနေလိုက်
ကောင်မလေးတွေနဲ့ပဲသွားနေ သွား"

ဒယိမ်းဒယိုင်နဲ့ဆိုင်ထဲမှနေထွက်သွားသည်

နှင်းတွေကျနေပြီးလမ်းတွေကအနည်းငယ်
ချော်နေကာ အမူးသမားကျန်းချန် ယိုင်လဲတော့သည်

NEEDFULL[家] [ COMPLETED ]Tempat cerita menjadi hidup. Temukan sekarang